Dior Men Pre-Fall 2021 Collection
၂၀၂၀ ဒီဇင်ဘာလ ၈ရက်နေ့မှာ Kim Jones ကသူရဲ့ Dior Men Pre-Fall 2021 collection ကို တင်ဆက်ချပြခဲ့ပါတယ်။ Dior Homme ရဲ့ Creative Designer Kim Jonesဟာ ပြီးခဲ့တဲ့နှစ်က collection ကို Miami ကမ်းခြေမှာ Shawn Stussy, the streetwear OGနဲ့ ပူးပေါင်းတင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းက နေရောင်အောက်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပါးခဲ့ကြတာတွေကို အမှတ်ရမိကြောင်း ပြောကြားခဲ့ပါသေးတယ်။ အခုချိန်မှာတော့ အခြေအနေတွေက ကွဲပြားနေတာကို အထူးတလဲ ပြောနေစရာ မလိုလှတော့ဘူးမလား။ “အဲဒါဆိုရင် ဆိုးဝါးတဲ့ နှစ်တစ်နှစ်ကို ဘယ်လို ဖြတ်သန်ရမလဲ?” …
