
Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ…
Fashion Lookbook Program လေးကနေ ကြိုဆိုပါတယ်… ဒီအစီအစဥ်လေးမှာတော့ Celebrity တွေရဲ့ Fashion Styling တွေ၊ Movie တွေနဲ့ Series တွေထဲက ဇာတ်ကောင်တွေရဲ့ Fashion Styling တွေနဲ့အတူ Instagram Styling Lookbook လေးတွေကို အမြဲဖော်ပြပေးသွားမှာဖြစ်ပါတယ်…
ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လမှာ ထွက်ရှိခဲ့တဲ့ Euphoria ဆိုတဲ့ Drama Series လေးကတော့ လူငယ်တွေကြားမှာ အရမ်းပဲခေတ်စားခဲ့ပြီး ပါဝင်တဲ့ ဇာတ်ကောင်တိုင်းရဲ့ Character နဲ့ Fashion Style တွေကလဲ ထူးခြားနေတာမို့ ရုပ်ရှင်ချစ်ပရိတ်သတ်တော်တော်များများ သဘောကျ နှစ်သက်ခဲ့ရတဲ့ Series လေးတစ်ခုလဲ ဖြစ်ခဲ့ပါတယ်…

ပါဝင်တဲ့ ဇာတ်ကောင်တွေအားလုံးက စိတ်ဝင်စားစရာ ကောင်းကြပေမဲ့ အားလုံးရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ဇာတ်ကောင်လေးကတော့ Transgender ကျောင်းသူလေး “Jules Vaughn” ဖြစ်ပြီး အမေရိကန်သရုပ်ဆောင် Hunter Schafer က ပါဝင်သရုပ်ဆောင်ထားပါတယ်…

Transgender ဇာတ်ကောင်ကို သရုပ်ဆောင်ရတဲ့အပြင် Pop Culture ရောတဲ့ Soft-Grunge E-girl look လေး ရနေတာဆိုတော့ အမြင်တစ်မျိုးဆန်းနေပြီး Teen transgender လေးတွေနဲ့ မိန်းကလေးငယ်လေးတွေ သဘောကျနှစ်သက်ကြတယ်ဆိုတာတော့ ငြင်းစရာမရှိဘူးပေါ့…
Neon Color တွေသာမက Pastel Color တွေကိုပါ အရောင်အတွဲအစပ်မိစေရန် ရောနှောသုံးထားပေမဲ့ အချိုးအဆမှန်ကန်တာကြောင့် တကယ်လဲ ကြည့်လို့ကောင်းနေခဲ့တာ အမှန်ပါပဲ…
Jules ရဲ့ အဓိကထူးခြားချက်နောက်တစ်ခုကတော့ Layers တွေ ထပ်ပြီးဝတ်ဆင်တတ်တာပါပဲ… Casual Tee တွေ Crop top တွေကို long sleeves ပေါ်မှာထပ်ပြီး ဝတ်တာမျိူးတွေ၊ stocking တွေပေါ်မှာ Mini Skirt လေးတွေ ထပ်ဝတ်တာမျိုးတွေတွေ့ရပြီး Vibrant color တွေ အသုံးများတာကြောင့် Young, Fun & Free ဆိုတဲ့ vibe လေးကို Jules ဆီကနေ ရနိုင်ပါတယ်… ဒါကြောင့်မို့လဲ လူကြိုက်များရတာပေါ့နော်…
အဲ့ဒါဆို Jules က ဘယ်လိုမျိုး Outfit တွေကို Mix & Match လုပ်ပြီး ဝတ်ခဲ့တယ်ဆိုတာကို ကြည့်လိုက်ရအောင်နော်…








အခု Jules ဝတ်ခဲ့တဲ့ Lookbook လေးကို ဖော်ပြပေးထားတာကို Jules Fan လေးတွေလဲ သဘောကျမယ်လို့ မျှော်လင့်ပါတယ်…
နောက်ထပ် Euphoria ထဲက ဘယ်လို Character တွေရဲ့ Lookbook လေးတွေ တင်ဆက်ပေးသွား ဦးမယ်ဆိုတာလဲ စောင့်မျှော်ပေးကြပါဦးနော်…

[…] Lookbook of Jules Vaughn from Euphoria […]
[…] Lookbook of Jules Vaughn from Euphoria […]
[…] Lookbook of Jules Vaughn from Euphoria […]
[…] Lookbook of Jules Vaughn from Euphoria […]
This article is a breath of fresh air! The author’s unique perspective and insightful analysis have made this a truly engrossing read. I’m appreciative for the effort he has put into crafting such an educational and thought-provoking piece. Thank you, author, for offering your wisdom and igniting meaningful discussions through your outstanding writing!
Thanks for sharing excellent informations. Your web-site is so cool. I am impressed by the details that you have on this website. It reveals how nicely you understand this subject. Bookmarked this website page, will come back for more articles. You, my pal, ROCK! I found simply the information I already searched everywhere and just could not come across. What an ideal web-site.