ဒီနေ့တင်ဆက်ပေးချင်တာတော့ K-popကို ကြိုက်နှစ်သက်တဲ့ K-popper ကောင်လေး၊ ကောင်မလေးတွေအတွက် Oh My Girl အဖွဲ့ဝင် YooA ရဲ့ “Bon Voyage” MV Look-book လေးပဲဖြစ်ပါတယ်။ ဒီ “Bon Voyage” MV ဟာ ဆိုရင် သဘာဝ အလှတရား နဲ့ မှော်ဆန်ဆန် နတ်သမီးပုံပြင်တို့ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ စွဲမက်ဖွယ် ဂီတ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။သီချင်းစာသားတို့နဲ့ သရုပ်ဖော်မှုတို့ဟာလည်း အမှန်တကယ်ကို လိုက်ဖက်ညီလှပြီး လွတ်လပ်မှုနဲ့ အေးချမ်းခြင်းတို့ကို အတိုင်းသားခံစားရစေပါတယ်။အဲဒါကြောင့် ဒီ ဂီတ ဗီဒီယိုလေးထဲက Bohemian စတိုင် ဝတ်စုံ (၄) စုံလေးအကြောင်း အတူတူ လေ့လာကြည့်ကြရအောင်။

ပထမဆုံး ဝတ်စုံလေးဟာ ဆိုရင်တော့ Mixxmix ဆိုတဲ့ ကိုရီးယား brand တစ်ခုရဲ့ multicolor knit crop-top လေးကို Levi’s ရဲ့ ribcage flare jeans လေးနဲ့ အတူ တွဲဖက် ဝတ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ 1970s လောက်က ခေတ်စားခဲ့တဲ့ flare jeans နဲ့ bohemian, hippie စတိုင်လေးပဲဖြစ်ပြီး Salvatore Ferragamo ရဲ့ vintage စတိုင် printed ပိုးသား ပဝါလေးနဲ့ပါ တွဲဖက်လိုက်တဲ့ အခါမှာတော့ ပိုပြီး စတိုင်ကျသွားစေခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ် အဝါရောင် ဝတ်စုံလေးကတော့ Son Jung Wan SS14 collection ထဲက ဂါဝန်လေးကိုမှ ပြန်လည် ပြုပြင်မွမ်းမံထားတာတဲ့ romance စတိုင် ဂါဝန်လေးပဲ ဖြစ်ပါတယ်။ ကိုရီးယားစတိုင် ကျောက်ဘီးကုတ်လေးတွေနဲ့ ပါ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ နတ်သမီးပုံပြင်ထဲက မင်းသမီးလေး တစ်ပါးလို ပိုပြီး ရုပ်လုံးကြွစေခဲ့ပါတယ်။

နောက်ထပ် bohemian စတိုင် Paisley အဆင် ဂါဝန်လေးကတော့ Zimmermann brand ကပဲ ဖြစ်ပြီး Stuart Weitzman ရဲ့ gladiator sandals လေးနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ လွတ်လပ်မှုကို ဖော်ပြနေတဲ့ bohemian စတိုင်လေးကို ရရှိစေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံး ဝတ်စုံလေးကတော့ BROGNANO ရဲ့ အစိမ်းရောင် ပိုးဇာလွှာ ကပွဲ ဂါဝန်လေးကို Stuart Weitzmanရဲ့ gladiator sandals လေးနဲ့ တွဲဖက်ဝတ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဆံပင် အတိုလေးနဲ့ အစိမ်းရောင် ဂါဝန်လေးဟာ ဆိုရင် အရမ်းကို လိုက်ဖက်လွန်းလှပြီး Barbie ကားတွေထဲ နတ်သမီးလိပ်ပြာမလေးတွေလို လှပပြီး ချစ်စရာကောင်းနေစေတာပဲ ဖြစ်ပါတယ်။

ကဲအခုဆို ဝတ်စုံ (၄) စုံလုံး အကြောင်းလဲ ပြောပြီး သွားပြီ ဆိုတော့ ဒီနေရာလေးမှာပဲ နိဂုံးချုပ်လိုက်ချင်ပါတယ်။ အားလုံပဲ ဒီနေ့ တင်ဆက်ပေးတဲ့ Look-book လေးကို ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ အစီအစဉ်လေးတွေနဲ့ လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

By Yamin Inzali

Don’t miss a moment. 💌

Subscribe for insider updates, designer spotlights, and curated inspiration. 🗝️

We don’t spam! Read our privacy policy for more info.

Comments

Leave a Reply