Dolce & Gabanna က နောက်ဆုံးထွက်ရှိခဲ့တဲ့ Alta Moda creation

ကမ္ဘာကျော် luxury brand တစ်ခုဖြစ်တဲ့ Dolce & Gabanna ဟာပြီးခဲ့တဲ့ September လပထမအပတ်ထဲမှာ Alta Moda womenswear event တစ်ခုပြုလုပ်ခဲ့ပါတယ်။

Alta Moda (တစ်နည်း Haute Couture) ဆိုတာ အကောင်းဆုံးသော ပစ္စည်းတွေကိုအသုံးပြုပြီး အနုစိတ်ကျကျ လက်မှုပညာကို ဦးစားပေးဖန်တီးထားတဲ့ တမူထူးခြားတဲ့ ဝတ်စုံတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၇၀ ခန့် ၁၉၅၁ ခုနှစ်က စွန့်ဦးတည်ထွင်သူ Giovanni Giorgio က ကျော်ကြားတဲ့ tastemaker တွေ Italian Couturier တွေ ဒီဇိုင်နာတွေ နဲ့ presentation တစ်ခုမှာ Alta Moda ဆိုတဲ့ ခေါင်းစဉ်ကိုသတ်မှတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ Alta Moda moment သည် အီတလီကိုပြန်လည်မွေးဖွားဖန်တီးရာမှာ fashion ကနေတစ်ဆင့် အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ Gabanna ကပြောပါတယ်။ 

၂၀၂၀ ရဲ့ Alta Moda creation အတွက် ၁၆ ရာစုနဲ့ Italian Renaissance ခေတ်ကို inspiration ယူထားတယ်လို့ D&G ကပြောပါတယ်။ သမိုင်းတွင်မဲ့ ဒီ collection လေးအတွက် Florentine Artisan တွေက မတူညီတဲ့ အမျိုးမျိုးသော material တွေကို သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ပေါင်းစပ်ပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ သဘာဝကရတဲ့ အုန်းလျှော်တွေ၊ သန္တာကျောက်တန်းတွေ၊ မာကျောတဲ့ ကျောက်ရိုင်းတွေ နဲ့ အရောင်ဆိုးထားတဲ့ အုန်းလျှော်တွေ အစရှိတဲ့ elements တွေ materials တွေကို ပေါင်းစပ်ပြီး Arte Povera (poor art) ရဲ့ အယူအဆပေါ်အခြေတည်ထားပါတယ်။ 3D ပန်းပုံစံတွေ၊ ပိုးမျက်နှာလွှားဇာတွေနဲ့ အနုစိတ်ထုံမွှန်းတန်ဆာဆင်ထားတဲ့ ဒီ collection လေးဟာ အီတလီရဲ့အလှနဲ့ Florence မြို့ရဲ့ အမွေအနှစ်ဗီဇတွေကို ကိုယ်စားပြုထားတယ်ဆိုတာ runway ကနေတစ်ဆင့်ခံစားမိပါတယ်။

ပွဲလုပ်ခဲ့တဲ့နေရာကတော့ အီတလီနိုင်ငံရဲ့ central city ဖြစ်တဲ့ Florence မှာရှိတဲ့ Villa Bardini Garden မှာ ပါ။ နှစ်ပေါင်း ၅၀၀ ခန့်သက်တမ်းရှိပြီဖြစ်တဲ့ Villa Bardini ဥယျာဉ်ဟာ အီတလီနိုင်ငံရဲ့ Renaissance ​ခေတ် (ရှေးဂရိယဉ်ကျေးမှု အတွေးအခေါ်များကို ဖော်ထုတ် လိုက်စားမှုကြောင့် ၁၄ ရာစု မှ ၁၆ ရာစုနှစ် များအတွင်းက အနုပညာ နှင့် စာပေ ပြန်လည် ထွန်းကားလာသည့်ခေတ်) အငွေ့အသက်တွေကို အပြည့်အဝရစေမဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။

ကမ္ဘာကျော်အီတလီ brand ရဲ့ အသက်ရှူမှားလောက်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ မော်ဒယ်တွေကို Birdiniဥယျာဉ်ရဲ့ သမိုင်းဝင် ကျောက်လှေကားထစ်တွေကနေ ဆင်းသက်လျှောက်လှမ်းလာပုံက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာပါပဲ။

Runway တစ်လျှောက်ဖွင့်ထားတဲ့ Nino Rota တီးခတ်ထားတဲ့ အိပ်မက်ဆန်ဆန်ငြိမ့်ညောင်းနေတဲ့ တေးသွားကလည်း ယခုလို concept ခိုင်မာတဲ့ collection ကိုကြည့်ရှုခံစားသူနဲ့ တသားတည်းကျအောင်ပံ့ပိုးပေးနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ရွှေပွဲလာပရိတ်သတ်ကြီးအတွက် တည်ခင်းဧည့်ခံထားတဲ့ gold leaf dusted Prosecco (ရွှေမှုန်များပါသော white wine) ကိုမှီဝဲရင်းနဲ့ ၁၉၅၀ နဲ့ ၁၉၆၀ အရှေ့ပိုင်း silhouette ဒီဇိုင်း တွေကို ဈေးအကြီးဆုံးသော material တွေကိုသုံးပြီး အခမ်းနားဆုံး လက်မှုပညာတွေနဲ့ ဂဃနဏထုံမွှန်းတန်ဆာဆင်ထားတဲ့ ဝတ်စုံတွေကိုဆင်မြန်းပြီးဇိမ်ပြေနပြေလျှောက်လှမ်းလာတဲ့ မော်ဒယ်တွေကို ကြည့်ရှုခံစားရတာ စွဲမက်ဖွယ်ရာ ပါပဲ။ မော်ဒယ်တွေရဲ့ ခြေနင်းဖိနပ်ကိုတော့ လျှောက်လှမ်းရမဲ့ကျောက်လှေကားထစ်တွေမှာ အခက်အခဲမရှိစေဖို့နဲ့ အားလုံးတညီတညာတည်းဖြစ်အောင် flat shoes (ဖိနပ်အပါး) တွေကိုပဲအသုံးပြုထားဟန်တူပါတယ်။

ဒီ collection လေးမှာ Brand identity (ကိုယ်ပိုင်ဟန်) ဖြစ်တဲ့ Glamour taste အပြည့်အဝရအောင် သုံးထားတဲ့ shiny (ပြောင်လက်တောက်ပသော) materials တွေနဲ့ Renaissance ရဲ့ Romantic feeling ကိုဖော်ဆောင်တဲ့ ပါးလွှာတဲ့ ဇာတွေ ၊ ပန်းပွင့်အခက်အလက် အဆင်အယင်အသုံးအဆောင်တွေကို ပြည့်ပြည့်ဝတွေ့ရပါတယ်။

Dolce & Gabanna ရဲ့  တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ဟန် Glamor vibe နဲ့ Italy Renaissance ရဲ့ Romance vibe ကိုပေါင်းစပ်ပြီး ၁၆ ရာစုရဲ့ ရသလည်း ပေါ်လွင်အောင် fashion house ရဲ့ ကိုယ်ပိုင်ဟန်လည်း မပျောက်ပျက်အောင် runway ရဲ့ ကျင်းပတဲ့နေရာ setting design၊ စီးမျောခံစားရမဲ့တေးသွား၊ တည်ခင်းဧည့်ခံထားတဲ့ စားသောက်စရာ စတဲ့ ကဏ္ဍအသီးသီးဟာ အင်မတန်ပနံရလွန်းတာကြောင့် စာရေးသူအနေနဲ့ အခေါက်ခေါက်အခါခါကြည့်မဝနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ နောက်လာမဲ့ နှစ်ပေါင်း ၅၀၀ ခန့်ကိုကျော်ကြည့်လိုက်မယ်ဆိုရင် 2020 ရဲ့ Alta Moda collection ဟာ သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ မြင်တွေ့ရမှာမလွဲပါဘူးဆိုတဲ့ အကြောင်းပြောကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတယ်ရှင်။

https://web.facebook.com/26696569976/videos/1821614621319835/

WRITTEN BY YAWAI HTOO MYAT(19.9.2020)

References 

https://www.vogue.com/slideshow/dolce-gabbana-alta-moda-florence-2020
https://world.dolcegabbana.com/alta-gioielleria-alta-sartoria-alta-moda-the-renaissance-and-the-rebirth/alta-moda/https://www.youtube.com/watch?v=x_8gfg0OPAk&t=466s

Don’t miss a moment. 💌

Subscribe for insider updates, designer spotlights, and curated inspiration. 🗝️

We don’t spam! Read our privacy policy for more info.

4 Comments

  1. Your mode of describing all in this piece of
    writing is in fact pleasant, all be capable of simply be aware of it, Thanks a lot.

  2. With thanks for sharing your superb website!

  3. I was very pleased to find this web-site.I needed to thanks for your time for this glorious read!! I positively having fun with each little little bit of it and I have you bookmarked to check out new stuff you weblog post.

  4. Read reviews and was a little hesitant since I had already inputted my order. possibly but thank god, I had no issues. themselves received item in a timely matter, they are in new condition. no matter what so happy I made the purchase. Will be definitely be purchasing again.
    cheap louis vuitton https://www.louisvuittonsoutletonline.com/

Leave a Comment

Your email address will not be published. Required fields are marked *