Site Overlay

Lookbook of Maddy Perez from Euphoria

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။ Ariel’s Be Chic Be Unique ရဲ့ Fashion Lookbook Program လေးကနေ ပြန်လည်ကြိုဆိုပါတယ်။

အခုထပ်ပြီး ပြောပြပေးသွားချင်တဲ့ Character လေးကတော့ Euphoria ထဲက Maddy Perez ဆိုတဲ့ ဇာတ်ကောင်ရဲ့ Character Outfit တွေလေးပဲ ဖြစ်ပါတယ်။ Maddy ဆိုတဲ့ ဇာတ်ကောင်လေးကိုတော့ American အဆိုတော်နဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ Alexa Demie က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Maddy ဆိုတဲ့ကောင်မလေးကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှကြောင့်ပဲ ယောကျာ်းလေးတွေကြားထဲမှာ နာမည်ကြီးရခြင်းဖြစ်ပြီး ဒီလို ဆွဲဆောင်မှုရှိရှိနဲ့ လှနေတာကြောင့်လဲ Anger issue ရှိတဲ့ သူမရဲ့ boyfriend နဲ့ အမြဲတမ်း ပြသာနာတက်နေရတဲ့ teenager ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

Petite Girl လေး Maddy ကတော့ သူမရဲ့ ခန္ဓာကိုယ်အလှကို သိသာအောင်ဖော်ပြနေတဲ့ cut out dress တွေ၊ crop top တွေကို အသားပေးဝတ်ဆင်တတ်ပြီး show girl costume ဆန်တဲ့ crystal dress တွေ၊ နောက်ပြီး Flashy ဖြစ်တဲ့ dress တွေကို အဓိက ဝတ်ဆင်လေ့ရှိပါတယ်။ အလှမယ်တစ်ဦးဖြစ်ချင်ခဲ့တဲ့ သူမရဲ့ ငယ်ဘဝအိပ်မက် အရိပ်အငွေ့တွေနဲ့ နာမည်ကြီးအောင်မြင်လိုတဲ့ သူမရဲ့လက်ရှိစိတ်အခြေအနေတို့ကို သူမဝတ်တဲ့ အဝတ်အစားတွေမှာ အများကြီးထင်ဟပ်နေတာကတော့ အသေအချာပါပဲ။

ဒီလောက်ဆိုရင် Euphoria Series ထဲက Maddy ဝတ်ခဲ့တဲ့ Showgirl Outfit လေးတွေကို သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဖော်ပြပြီးဖြစ်တဲ့ Lookbook လေးကို ထပ်ပြီးကြည့်ချင်ကြသေးရင်လဲ အောက်က Link မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါသေးတယ်။

နောက်ထပ် Euphoria ထဲက ဘယ်လို Character တွေရဲ့ Lookbook လေးတွေ တင်ဆက်ပေးသွား ဦးမယ်ဆိုတာလဲ စောင့်မျှော်ပေးကြပါဦးနော်…

1 thought on “Lookbook of Maddy Perez from Euphoria

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes