Site Overlay

Why Women Kill x Katherine Jane Bryant

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။ Ariel’s Be Chic Be Unique ဆိုတဲ့ Blog ကနေကြိုဆိုပါတယ်။

ပြီးခဲ့တဲ့အခေါက်က Emily in Paris ဇာတ်ကားရဲ့ Costume Stylist Patricia Field အကြောင်းကို ဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ အခုထပ်ပြီးဖော်ပြပေးချင်တဲ့ Costume Designer ကတော့ Why Women Kill ဆိုတဲ့ ဇာတ်လမ်းထဲက Character တွေနဲ့ အလိုက်ဖက်ဆုံး ဝတ်စုံတွေကို ဖန်တီးပေးခဲ့တဲ့ Costume Designer – Katherine Jane Bryant ပဲ ဖြစ်ပါတယ်။

Janie Bryant/ Katharine Jane Bryant ကတော့ Mad Men ဆိုတဲ့ Series အတွက် Costume တွေ ဖန်တီးပေးခဲ့သူတစ်ယောက်ဖြစ်ပြီး Emmy Award နဲ့ Costume Designers Guild Award တွေရခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။ အခု သူမပါဝင်ဖန်တီးပေးထားတဲ့ Series ကတော့ Why Women Kill လို့ခေါ်တဲ့ Series ဖြစ်ပြီး နိုင်ငံတကာက ရုပ်ရှင်ချစ်သူတွေသာမက မြန်မာနိုင်ငံက ရုပ်ရှင်ချစ်ပရိတ်သတ်တွေ တော်တော် များများလဲ ကြိုက်နှစ်သက်ကြရတဲ့ Series လေးပဲ ဖြစ်ပါတယ်။

ဒီ Why Women Kill ဆိုတဲ့ Series ရဲ့ ဇာတ်လမ်းအကျဥ်းကတော့ မတူညီတဲ့ အချိန်ကာလတစ်ခုစီမှာ တည်ရှိနေကြတဲ့ အိမ်ထောင်သည်အမျိုးသမီးသုံးယောက်ရဲ့ ဘဝတွေထဲကို သူစိမ်းတွေဝင်လာပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ဖန်တီးထားတဲ့ Dark-Comedy/ Drama ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီလို Series မျိုးမှာ Costume Styling လုပ်ပေးရဖို့က Costume Designer တိုင်းအတွက် အိပ်မက်လို့ ပြောလို့ရပါတယ်။ မတူညီတဲ့ Timeline တစ်ခုချင်းစီအတွက် Costume တွေကို အချိန်ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ Character တွေနဲ့ လိုက်ဖက်အောင် ဖန်တီးရတာဟာ တကယ့်ကို challenge တစ်ခုပါပဲ။

ဒါဆိုရင် Jamie Bryant က Costume Design တွေကိုဘယ်လိုစိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးထားတယ်ဆိုတာ ကြည့်လိုက်ကြရအောင်။

1. Beth Ann

Series တစ်ခုလုံးရဲ့ ပထမ Timeline ကတော့ ၁၉၆၀ ကျော်ကာလများကို ဦးတည်ထားပါတယ်။၁၉၆၀ ခုနှစ်များရဲ့ သာမန်အိမ်ထောင်ရှင်မပုံစံလေးနဲ့ စတင်မိတ်ဆက်ခဲ့တာကတော့ Beth Ann ဆိုတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။

၁၉၆၀ ဝန်းကျင်ဖြစ်တာကြောင့် Mini Skirt တွေနဲ့ Pants တွေကို ခေတ်မီသော အိမ်ထောင်ရှင်မများက စတင်ဝတ်ဆင်လာကြပြီဖြစ်သော်လည်း Beth Ann ကိုတော့ သူမရဲ့ ခေတ်နောက်ကျဟန်လေးကို ပေါ်လွင်စေဖို့ ၁၉၅၀ အလွန်က နာမည်ကြီးခဲ့တဲ့ shirt-waist dress ပုံစံလေးတွေကိုပဲ အဓိကဖန်တီးခဲ့ပါတယ်။ Accessory တွေကအစ Old-fashioned ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသွင်အပြင်မျိုးရစေဖို့ ၁၉၅၀ ကျော်က အမျိုးသမီးသုံး ဦးထုပ်နဲ့ လက်အိပ်လေးတွေ၊ နောက်ပြီး လက်ကောက်နဲ့ ဆွဲကြိုးတွေ အစရှိသည်တို့ကိုလည်း ဇာတ်ကောင်နဲ့ လိုက်ဖက်အောင် စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပီပီ အိမ်အလုပ်နဲ့ပတ်သက်တာကလွဲလို့ ဘာမှမသိတဲ့ Beth Ann ရဲ့ အစောပိုင်း look တွေအတွက်တော့ Beth Ann ရဲ့ စိတ်အခြေအနေကိုလိုက်ပြီး Neutral color တွေနဲ့ Beige color တွေကိုသာ အဓိကထား အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းအခန်းတွေ ရောက်လာတာနဲ့အမျှ Beth Ann ရဲ့ ခံစားချက်တွေက ပြောင်းလဲလာခဲ့သလို ဖန်တီးထားတဲ့ ဝတ်စုံတွေကိုလဲ သူမရဲ့ စိတ်ခံစားချက်ပေါ်လိုက်ပြီး တောက်ပတဲ့ Jewel-toned အရောင်လေးတွေကို အသုံးပြုခဲ့ပါတယ်။

တခြား Character တွေကိုလဲ ၁၉၆၀ ဆိုတဲ့ အချိန်ကာလနဲ့ လိုက်ဖက်စေရုံသာမက Character တစ်ခုချင်းစီရဲ့ Character နဲ့ စိတ်ခံစားချက်တွေကိုပါ ပေါ်လွင်အောင် ဖန်တီးချုပ်လုပ် ပေးထားတာမို့ ကြည့်ရှုခံစားရတာ မျက်စိပသာဒဖြစ်စေတယ်ဆိုတာကတော့ အမှန်ပါပဲ။

Beth Ann ဆိုတဲ့ ဇာတ်ကောင်ကိုတော့ Once upon a Time ဆိုတဲ့ Series ရဲ့ ဇာတ်လိုက်မင်းသမီးတစ်ဦးဖြစ်တဲ့ Jennifer Goodwin က သရုပ်ဆောင်ထားပါတယ်။

2. Simone

ဒုတိယမိတ်ဆက်ပေးလာမဲ့ အမျိုးသမီးကတော့ ၁၉၈၀ ရဲ့ Glamour Fashion တွေကို တဝကြီးခံစားရစေမဲ့ ဝတ်စုံတွေကိုရွေးချယ်ဝတ်ဆင်ခဲ့တဲ့ Simone ဆိုတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။

Shoulder Pad ကြီးလေ ပိုပြီးချမ်းသာလေဆိုတဲ့ ကာလဖြစ်တာကြောင့် Shoulder pad ကြီးတွေပါတဲ့ Classic Glam ဝတ်စုံတွေကို ထည်လဲဝတ်ပြခဲ့တဲ့ Simone ကတော့ ၁၉၈၀ ရဲ့ နာမည်ကြီး သူဌေးမကြီးတစ်ဦးလဲ ဖြစ်ပါတယ်။ Party ပွဲတွေ ကျင်းပရတာ၊ Social Event တွေ တက်ရတာကို သဘောကျတတ်ပြီး သူမပိုင်ဆိုင်တဲ့ ကြွယ်ဝချမ်းသာမှုတွေအတွက် ဂုဏ်ယူဝံ့ကြွားချင်တဲ့သူမို့ ရွှေရောင်၊ ငွေရောင်တွေ အပြင် Orientalism ကို ခံစားရစေတဲ့ ခရမ်းရောင်တွေနဲ့ ပန်းရောင်တွေကို အဓိကထားပြီး အသုံးပြူခဲ့ပါတယ်။

Inspiration ယူရာမှာလဲ ၁၉၈၀ ရဲ့ နာမည်ကျော် Designer တွေဖြစ်တဲ့ Christian Lacroix၊ Bill Blass၊ Geoffrey Beene နဲ့ Yves Saint Laurent တို့ရဲ့ Design တွေဆီက ပြန်လည်လေ့လာခဲ့ရတာကိုလဲ Instyle Magazine ရဲ့ Interview မှာ ဖြေကြားထားခဲ့ပါတယ်။ Simon ဆိုတဲ့ Character အတွက် ဝတ်စုံဖန်တီးရာမှာ သူမတွေးနေမိတဲ့သူကတော့ ၁၉၈၀ Classic Glam look တွေရဲ့ Queen Elizabeth Taylor ပဲဖြစ်ကြောင်းလဲ ပြောခဲ့ပါတယ်။ ဒါပေမဲ့ Simone ရဲ့ Look တွေက Liz Taylor ထက် Dynasty series ထဲက Joan Collins ရဲ့ Classic Glam vibe ကို ကြည့်ရှုသူများ ပိုပြီးခံစားရမယ် ထင်ပါတယ်။

Simone ဆိုတဲ့ Character အတွက်တော့ Charlie’s Angel, Kill Bills အစရှိတဲ့ ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးကြီ Lucy Liu က ပါဝင်ပေးထားပါတယ်။

3. Taylor

နောက်ဆုံးအနေနဲ့ မိတ်ဆက်ပေးလာတဲ့ အမျိုးသမီးကတော့ Taylor ဖြစ်ပြီး ၂၀၁၉ ခုနှစ် (လက်ရှိအချိန်ကာလ) ကို ဦးတည်ထားပါတယ်။

Taylor က Bisexual အမျိုးသမီးတစ်ယောက်ဖြစ်သလို ရှေ့နေလဲ ဖြစ်နေပြန်တာကြောင့် Taylor ရဲ့ outfit တွေကိုကြည့်မယ်ဆိုရင် မိန်းမဆန်ခြင်းနဲ့ ယောကျာ်းပီသခြင်းနှစ်ခုကို အချိုးကျ ပေါင်းစပ်ထားတာ တွေ့မြင်နိုင်ပါတယ်။ Woman activist တစ်ဦးလဲ ဖြစ်နေပြန်တာကြောင့် Edgy ဖြစ်တဲ့ look တွေကိုသာ Character နဲ့ လိုက်ဖက်ညီမှုရှိဖို့ အဓိက ရွေးချယ်အသုံးပြုထားပါတယ်။

Taylor အတွက် Accessories များကို ရွေးချယ်ရမှာလဲ Metal color နဲ့ metal jewelry တွေကိုသာ အဓိက ရွေးချယ်ဆင်ယင်ခဲ့တာဖြစ်ပြီး Jimmy Choo နဲ့ Valentino လို brand တွေအပြင် Meghan Markle ကိုင်တဲ့ Scottish Brad Strathberry ရဲ့ အိတ်ကိုလဲ အတူတွဲပြီး သုံးစွဲပေးခဲ့ပါတယ်။

Taylor ဆိုတဲ့ Character ကိုတော့ လူမည်းမင်းသမီးတစ်ဦးဖြစ်တဲ့ Kirby Howell-Baptiste က အားဖြည့်ပေးထားပါတယ်။

အခုဆိုရင် Costume Designer Jamie Bryant က Why Women Kill ဆိုတဲ့ Series အတွက် မတူညီတဲ့ အချိန်ကာလ သုံးခုမှာ ရှိနေကြတဲ့ မတူညီတဲ့ အမျိုးသမီး ၃ ယောက်ကို ဘယ်လို inspiration တွေယူပြီး ဖန်တီးခဲ့တယ်ဆိုတာ လေ့လာရလို့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နောက်ထပ် နောက်ထပ်အစီအစဥ်တွေမှာလဲ ဘယ်လိုစိတ်ဝင်စားစရာ Article တွေကို ဖော်ပြပေးသွားဦးမလဲဆိုတာလဲ စောင့်မျှော်ပေးကြပါဦး။

2 thoughts on “Why Women Kill x Katherine Jane Bryant

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes