Best Shoes Ideas for Petites Girls

ဒီနေ့မှာတော့ အကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေအတွက် Styling Tips လေး ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ် သေးသွယ်ပြီး အရပ် ၅’ ၃” နဲ့အောက် အချိုးအဆရှိတဲ့ ကောင်မလေးတွေကို Petite Girls လေးတွေလို့ သတ်မှတ်ကြပါတယ်။ သူတို့လေးတွေအတွက် သတိထားရမယ့် အချက်က အဝတ်အစားဝတ်ဆင်တဲ့အခါမှာ လူမပျောက်သွားစေဖို့နဲ့ အရပ်နဲနဲ ပိုရှည်သလို ထင်ရအောင် ဝတ်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်။ အဲလို အချိုးအစားကျကျနဲ့ စတိုင်မိမိ ဝတ်ဆင်နိုင်ဖို့ဆို မှန်ကန်တဲ့ ဖိနပ်အမျိုးအစားလေးတွေ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် အခုပဲ Petite Girls လေးတွေနဲ့ လိုက်ဖက်မယ့် ဖိနပ်လေးတွေက ဘယ်လိုမျိုးလေးတွေလဲဆိုတာလေ့လာကြည့်ကြရအောင်။

ပထမဦးဆုံး အနေနဲ့ ယေဘုယျအကျဆုံးအချက်ကတော့ ဒေါက်ဖိနပ်ကိုရွေးချယ်ပါ။ အရမ်း ၅ လက်မ ၆ လက်မလောက်အထိမြင့်တဲ့ ဒေါက်ကြီးတွေကို ပြောတာမဟုတ်ဘဲ ၂ လက်မ၊ ၃ လက်မ Pumps Heels တွေနဲ့တင် သင့်ကို အရပ်ပိုထွက်စေပြီး ကြည့်ကောင်းနေစေမှာပါ။

ဒုတိယ အချက်အနေနဲ့ကတော့ Low Vamp ဖြစ်တဲ့ ဖိနပ်တွေကို ရွေးချယ်ပေးရပါမယ်။ ဒါနဲ့ Vamp က ဘာလဲ? Vamp ဆိုတာက ဖိနပ်ရဲ့ ရှေ့အဖုံးအတာပါ။ Low Vamp ဖိနပ်လေးတွေက သင့်ရဲ့ ခြေခုံးကို မဖုံးထားတာမို့ သင့်ကို ခြေထောက်ပိုရှည်သလို ထင်ရစေမှာပဲ ဖြစ်ပါတယ်။ Ankle Strap ပါတဲ့ ဖိနပ်မျိုးတွေကို ရှောင်ရှားစေလိုပါတယ်။

နောက်ထပ် အချက်ကတော့ လုံးဝိုင်းတဲ့ ဖိနပ်ထိပ်ပုံစံမျိုးတွေထပ် ထိပ်ချွန်တဲ့ Pointed toe Heels တွေကို ဝတ်ဆင်သင့်ပါတယ်။ထိပ်ဝိုင်းတဲ့ ဒီဇိုင်းမျိုးတွေက လုံးပြီးဝိတ်ပိုရှိသလို ဖြစ်စေတာကြောင့် သင့်ကို အရပ်ပိုပုသလို ထင်ရစေနိုင်ပါတယ်။

လေးခုမြောက် အချက်လေးကတော့ Nude(အသားရောင်) ဖိနပ်မျိုး ရှိကိုရှိထားသင့်ပါတယ်။Nude အရောင် ဖိနပ်လေးက သင့်အသားရောင်နဲ့ တစ်ပြေးညီထဲ ဖြစ်စေတာကြောင့် အရပ်ပို ထွက်သလို ဖြစ်စေပြီး Petite Girls လေးတွေနဲ့ အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။

နောက်ထပ်အနေနဲ့ ဘယ်လို boots တွေကို ရွေးချယ်သင့်လဲ ဆိုတာပြောပြပေးပါမယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ Pointed toe Ankle Boots မျိုးတွေကို ရွေးချယ်ပေးသင့်ပါတယ်။ ကိုယ့်ရဲ့ အသားရောင်နဲ့ တူညီတဲ့ အရောင်မျိုးဖြစ်ဖြစ်၊ ဝတ်ထားတဲ့ ဘောင်းဘီ ဒါမှမဟုတ် အသားကပ်(pantyhose)အရောင်နဲ့ တော်တော်လေးကို ညီစပ်တဲ့ boots လေးတွေကို ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။

Sneakers တွေကို ပြောရမယ့်ဆိုရင်တော့ Neutral အရောင် ဖိနပ်မျိုးတွေကို ရွေးချယ်ပေးပါ။ တခြား Hue အရောင် sneakers မျိုးတွေနဲ့ဆို အဲနေရာကို attention ဖြစ်ပြီး ပိုဝိတ်များစေသလို ဖြစ်စေနိုင်ပါတယ်။ အဖြူရောင် Sneakers ကတော့ Petite Girls လေးတွေအတွက် အကောင်းဆုံးရွေးချယ်မှုပဲ ဖြစ်ပြီး အရမ်းနိမ့်တဲ့ ဖိနပ်မျိုးဆို insole ခံစီးပြီး proportionချပေးသင့်ပါတယ်။

ကဲ ဒီလိုလောက်ဆိုရင် ချစ်စရာ Petite ကောင်မလေးတွေ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖိနပ်လေးတွေကို ရွေးချယ်နိုင်လောက်ပြီးလို့ ထင်ပါတယ်။ မှန်ကန်တဲ့ ဖိနပ်လေးပုံစံလေးတွေကို ဝတ်ဆင်ပြီး စတိုင်ကျကျ မိမိုက်ကြရအောင်။ နောက်ထပ်ကောင်းမွန်တဲ့ Styling Tips လေးတွေကိုလဲ ဝေမျှပေးသွားဦးမှာမို့ Stay tuned နော်။

By Yamin Inzali

References

https://www.liveabout.com/top-shoe-styles-for-short-women-2658187

Don’t miss a moment. 💌

Subscribe for insider updates, designer spotlights, and curated inspiration. 🗝️

We don’t spam! Read our privacy policy for more info.

Leave a Comment

Your email address will not be published. Required fields are marked *