Site Overlay

Jumpsuits For Plus size Pear Shaped Body

ဒီနေ့မှာတော့ Plus Size ခန္ဓာကိုယ်လေးတွေအတွက် Fashion Tips လေး တစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါလေးကတော့ Pear shaped Plus Size ပိုင်ရှင်လေးတွေက ဘယ်လို Jumpsuits ပုံစံလေးတွေ ရွေးချယ် ဝတ်ဆင်ရမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ Jumpsuits ဆိုတဲ့ အဝတ်အစားပုံစံလေးက casual စတိုင်ပဲဖြစ်ဖြစ် Formal ပုံစံလေးပဲ ဖြစ်ဖြစ် အမျိုးမျိုး ဝတ်ဆင်နိုင်ပြီး တကယ့် ပွဲတိုးစေတဲ့ ဝတ်စုံလေးလေး ဆိုရင်လဲ မမှားပါဘူး။ အဲဒီအတွက် ဒီနေ့မှာတော့ Pear Shape ခန္ဓာကိုယ် ပုံစံကို ပိုင်ဆိုင်ထားတဲ့ Plus Size လေးတွေ အတွက် လိုက်ဖက်တဲ့ Jumpsuits လေးတွေကို ဖော်ပြလိုက်ပါတယ်။

Wide- Legged Jumpsuits

 အောက်ပိုင်းလေးက သိသိသာသာပိုကြီးတဲ့ Pear Shape ခန္ဓာကိုယ်လေးတွေအတွက် Wide-Legged လေးတွေက သူငယ်ချင်းပါပဲ။ အဲဒါကြောင့် Wide-Legged Jumpsuits လေးတွေက သင့်ကို အချိုးအဆ ကျကျနဲ့ စတိုင်ကျနေစေမှာပဲ ဖြစ်ပါတယ်။ ဖိနပ်အမြင့်လေးတွေနဲ့ တွဲဖက် ဝတ်ဆင်ပါက ပိုကြည့်ကောင်းစေမှာပဲ ဖြစ်ပါတယ်။

Off-Shoulder Jumpsuits

Off-Shoulder jumpsuits လေးတွေကတော့ သင့်ရဲ့ Pear shaped Plus size ခန္ဓာကိုယ်လေးကို ဆွဲဆောင်မှု ရှိရှိနဲ့ လှပနေစေမှာပဲ ဖြစ်ပါတယ်။လျော့ကျနေတဲ့ လက်လေးကြောင့် ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို အချိုးစားကျနေစေမှာပါ။

Asymmetric Jumpsuits

Asymmetric Jumpsuit ဒါမှမဟုတ် ပခုံးတစ်ဖတ်ပျောက် Jumpsuit (One shoulder Jumpsuit )လေးကတော့ သင့်ကို ပါတီပွဲတွေမှာ ထင်ရှားစွာနဲ့ ဆွဲဆောင်မှုရှိရှိ စတိုင်ကျနေစေခဲ့မှာပါ။ သင့်ရဲ့ ကောက်ကြောင်းအပြည့်နဲ့ တင်ပါး အလှကို ဖော်ထုတ်နိုင်သလို ခန္ဓာကိုယ် အပေါ်၊အောက် အချိုးအဆကျစေပြီး ခါးကို ပိုသွယ်စေသလို မြင်သာစေမှာပဲ ဖြစ်ပါတယ်။

Culottes Jumpsuits

ဒီရင်ဘတ် အပေါ်ပိုင်းကို ပိုပြီးသိသာထင်ရှားစေမယ့် Culottes Jumpsuit လေးတွေကို ဝတ်မယ်ဆို နားကပ်အကြီး ဒါမှမဟုတ် ဆွဲကြိုးအကြီးကြီးတွေနဲ့ တွဲဝတ်ပေးမယ်ဆို သင့်ကို ပိုပြီး ဆွဲဆောင်မှု ရှိနေစေမှာပါ။

အဓိကအနေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပို ပြီး အာရုံရောက်စေမယ့် ၊ frame ညီသလိုဖြစ်စေမယ် ဒီဇိုင်းပုံစံမျိုးတွေကို ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။ အဲဒါကြောင့် ဆန့်ကျင်ဘက် အနေနဲ့ခန္ဓာကိုယ် အောက်ပိုင်းကြီးတာကို သိသားစေမယ့် Slim- legged ဒီဇိုင်းမျိုးတွေ ၊အပေါ်ပိုင်း ပိုသေးစေတဲ့ ပုံစံတွေကို သတိထားရှောင်ရှားသင့်ပါတယ်။

ကဲ ဒီလောက်ဆိုရင် Pear-shaped Plus Size လေးတွေ ဘယ်လို Jumpsuit မျိုးလေးတွေ ရွေးချယ် ဝတ်ဆင်သင့်လဲ ဆိုတာ အားလုံပဲ နားလည်ကြပြီလို့ ထင်ပါတယ်။ နောက်ထပ်လဲ ဒီထပ်ကောင်းမွန်တဲ့ Styling tips အကြောင်းလေးတွေနဲ့ ပြန်လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။

By Yamin Inzali

References

https://stylishcurves.com/plus-size-jumpsuits-for-your-body-type/?fbclid=IwAR1NEYnIRVIEy_L4J6b-fce63Ekd6qrhgZhpXS6bfkNlAJQ-0hfvFXW1iBk

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes