ဒီနေ့ တင်ဆက်ပေးချင်တဲ့ Look-book လေးကတော့ မတ်လမှာ ပြသခဲ့တဲ့ “Find me in your memory” ကိုရီးယားဒရာမာလေးထဲက မင်းသမီး ချောလေး Moon Ga Young ရဲ့ Look-book လေးပဲဖြစ်ပါတယ်။ မင်းသမီး Moon Ga Young ဟာဆိုရင် Exo Next Door, Welcome to Waikiki 2 နဲ့ Tempted အစရှိတဲ့ ဒရာမာလေးတွေနဲ့ မြန်မာပရိသတ်တွေရဲ့ အချစ်ကို ရယူနိုင်ခဲ့ပြီး အခုဆိုရင်လဲ True Beauty ဆိုရဲ့ ဒရာမာအသစ်ကို ဆက်လက်ရိုက်ကူးလဲ ရှိနေပြီး မကြာခင်မှာ ထုတ်လွှင့်ပြသတော့မှာပဲ ဖြစ်ပါတယ်။

သူမဟာ အရပ် ၁၆၈ cm ရှိပြီး ပခုံးကျယ်တဲ့ Inverted Triangle body shape ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီဒရာမာလေးထဲမှာ ဆိုရင် သူမရဲ့ ရုပ်ရှင်မင်းသမီး ကာရိုက်တာလေးနဲ့ လိုက်ဖက်ညီစွာ ဆွဲဆောင်မှုရှိတဲ့ ဆောင်းရာသီ ဖက်ရှင်စတိုင်လေးကို တွေ့မြင်ရပါတယ်။ တွဲဆက်ထားတဲ့ အရောင်လေးတွေက လိုက်ဖက်ပြီး စတိုင်ကျလွန်းတာကြောင့် ဒီ Moon Ga Young စတိုင် Look-book လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

ဒီနေ့ တင်ဆက်ပေးတဲ့ “Find Me in Your Memory”စီးရီးလေး ထဲက Moon Ga Young ရဲ့ Look-book လေးကို အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ Look-book လေးတွေနဲ့ လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။

References

https://inkistyle.com/moon-ga-young-find-me-in-your-memory-episode-1-8-kdrama-fashion/

Don’t miss a moment. 💌

Subscribe for insider updates, designer spotlights, and curated inspiration. 🗝️

We don’t spam! Read our privacy policy for more info.

Leave a Reply