Site Overlay

Nike Flyleather: Nike Presented Some of its Most Sustainable Products Ever

အခုခေတ်မှာ လူတော်တော်များများဟာ ကျန်းမာရေးအတွက် အားကစားနဲ့ပတ်သက်တဲ့ လိုက်စားမှုတွေကို ပြုလုပ်လာကြတာ တွေ့လာရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ GYM တွေအမြောက်အမြားပေါ်လာတာကတော့ သက်သေတစ်ခုပါပဲ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ အားကစားလိုက်စားကြတဲ့ လူ့ပတ်ဝန်းကျင်က အနုပညာရှင်တွေ ၊ Micheal Jordan လို sport star တွေ ၊ နာမည်ကြီးမော်ဒယ်လ်တွေ ၊ ဖက်ရှင် iconic ဆယ်လီတွေ ရဲ့လွှမ်းမိုးမှုကြောင့် casual wear fashion style တွေမှာလဲ အားကစားစတိုင် ဝတ်ဆင်မှုတွေ ဟာ၂၁ရာစုရဲ့ Trend တစ်ခုအဖြစ် ခေတ်စားနေပါတယ်။ ကျောင်းတက်မလား ၊ ရုံးသွားမလား ၊ အလည်အပတ်သွားမလား ၊ အားကစားလုပ်ကြမလား …  အခုခေတ်မှာဆိုရင် အားကစားဖိနပ်တွေ ဖြစ်တဲ့ sneaker တွေ canvas တွေကိုဝတ်လာကြတာတွေ့ရပါတယ်။ အားကစားဖိနပ်တွေထဲမှာ ဆိုရင် Nike brand ကို လူကြီးလူငယ်တော်တော်များများ သိနေမယ်လို့လဲထင်မိပါတယ်။

Active Wear
Casual Wear

Nike ရဲ့chief sustainable officer တစ်ယောက်ဖြစ်တဲ့ “Hannah Jones” က “Nike believes in science and that climate change is real,” လို့ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးဟာကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကြောင့် ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးသက်ရောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ဒီဆိုးကျိုးတွေကနေ ကာကွယ်နိုင်ဖို့အတွက် ဖက်ရှင်လောကမှ sustainability ဖြစ်စေဖို့ နည်းပညာတွေ ၊ ဒီဇိုင်းဖန်တီးမှုတွေကို နည်းအမျိုးမျိုးနဲ့ပြုပြင်ပြောင်းလဲနေကြပါတယ်။ Nike Brand ဟာ အားကစားနဲ့ပတ်သက်တဲ့ luxury brand တစ်ခုအနေနဲ့မျိုးဆက်သစ်တို့အတွက် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ sustainable product တွေကိုတီထွင်ဖန်တီး ပေးဖို့ အမြဲတမ်း ကြိုးပမ်းနေခဲ့ပါတယ်။ ထုတ်ကုန်ပစ္စည်းတွေကိုကြာရှည်အသုံးပြုနိုင်ပြီးသက်တမ်းကုန်ဆုံးသွားတဲ့ ပစ္စည်း‌တွေကို ပြန်လည်အသုံးချနိုင်ရန်အတွက် “ ပိုမိုကောင်းမွန်သော အနာဂတ်ကိုဘယ်လိုတည်ဆောက်ကြမလဲ” “ပထမဆုံးစားသုံးသူကနေ နောက်ဆုံးစွန့်ပစ်တဲ့အထိ ခံနိုင်ရည်ရှိပြီး အသုံးကျတဲ့ ပစ္စည်းတွေကို ဘယ်လိုဖန်တီးနိုင်မလဲ”  စတဲ့ အတွေးအခေါ်တွေနဲ့နည်းနာနိဿယအမျိုးမျိုးကို Nike brand က ပညာရှင်တွေက ရှာဖွေခဲ့ကြပါတယ်။

“sustainable ဖြစ်စေတဲ့ material အရင်းအမြစ်တွေကို ဘယ်လိုရှာဖွေမလဲ… ရှာဖွေတွေ့ရှိတဲ့ အရင်းအမြစ်တွေ သက်တမ်းကုန်ဆုံးသွားတဲ့ပစ္စည်းတွေကို ဘယ်လိုပြန်လည်အသုံးပြုမလဲ…designer တစ်ယောက်အနေနဲ့ ဒီဇိုင်းပုံစံကို ဘယ်လိုပြောင်းလဲဖန်တီးမလဲ…” စတာတွေကို brainstorming လုပ်ဖို့လိုတယ်လို့ Nike ရဲ့ chief design officer တစ်ယောက်ဖြစ်တဲ့ “ John Hoke” ကဆိုတယ်။ Nike Brand ရဲ့ပညာရှင်တွေက အလားအလာအမြင့်ဆုံး ပြန်လည်အသုံးချနိုင်သော “Circular Design Guide” ကိုချမှတ်ခဲ့ပြီး sustainable product များကို ၁၀၀ရာခိုင်နှုန်းအထိ အောင်မြင်စွာထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

Nike Brand ဟာ ကုန်ကြမ်းအဖြစ် recycled polyester နဲ့ organic cotton တိုကိုပေါင်းစပ်ထားတဲ့ material တွေကိုထုတ်လုပ်အသုံးပြုတာကြောင့် ကုန်ကြမ်းထုတ်လုပ်တဲ့ခရီးမှာ ရေနဲ့ဓာတုဗေဒပစ္စည်းအသုံးပြုနှုန်းတွေကို လျော့နဲစေတဲ့အပြင် ကာဗွန်ထုတ်လုပ်မှုရာနှုန်းကိုလည်းလျှော့ချလာနိုင်ခဲ့ပါတယ်။ Nikke ရဲ့ recycled poly တွေဟာဆိုရင် စွန့်ပစ်ထားတဲ့ ပလပ်စတစ်ပုလင်းတွေ ၊ အထည်အလိပ်အပိုင်းအစတွေ ၊ အဝတ်အထည်တွေကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။၂၀၁၀ခုနှစ်ကစပြီး အမှိုက်ပုံက (၇)ဘီလီယံကျော် ပလပ်စတစ်ပုလင်းတွေကို ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

Nike Brand ရဲ့ပညာရှင်တွေဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် sustainable ဖြစ်စေမယ့်လုပ်ဆောင်မှုတွေကို ဒီဇိုင်းပိုင်းမှာတင်မက ကုန်ကြမ်းအသုံးပြုတဲ့အပိုင်းမှာပါ နည်းပညာတွေကိုအသုံးပြုပြီး ဖန်တီးတီထွင်ခဲ့ကြပါတယ်။ ၂၁ရာစုမှာ ဆန်းသစ်တီထွင်လိုက်တဲ့ material အသစ်တွေကတော့ Flyknit , Flyleather နဲ့ Air တို့ပဲဖြစ်ပါတယ်။ Flyknit ကိုထုတ်လုပ်တဲ့အချိန်မှာ ၂၀၁၉ခုနှစ်တစ်ခုတည်းမှာပဲ ရေဘူးပေါင်း(၃၁)မီလီယံကို ပြန်လည်အသုံးချနိုင်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ စတင်ထုတ်လုပ်လိုက်တဲ့ Flyleather ကတော့ recycled leather fiber ရဲ့ ၅၀ရာခိုင်နှုန်းကို အသုံးပြုထားပြီး Nike ရဲ့ sustainable အဖြစ်ဆုံး material တစ်မျိးဆိုရင်လဲမမှားပါဘူး။ Nike Air material ကတော့ ၉၀ရာခိုင်နှုန်း Nike Air sole အဟောင်းများကိုပြန်လည်အသုံးချထားတာပဲဖြစ်ပါတယ် ။ ၁၉၉၄ခုနှစ်ကစတင်ထုတ်လုပ်ခဲ့တဲ့ Nike Air ဖိနပ်ရာဘာအဟောင်းတွေရဲ့ ၅၀ရာခိုင်နှုန်းကိုပြန်လည်အသုံးချနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကစပြီး ၁၀၀ရာခိုင်နှုန်း AirMI facilities အဖြစ် Nike Air Max Series တွေမှာ စတင်အသုံးပြုခဲ့တာပါ။

ဒီဆောင်းပါးလေးမှာတော့ Nike ရဲ့ sustainable grade material တစ်ခုဖြစ်တဲ့ Flyleather အကြောင်းလေးကို ပြောပြခြင်ပါတယ်။ Nike Flyleather ဟာဆိုရင် ပြန်လည်အသုံးပြုထားသော recycled သားရေဖိုင်ဘာ ၅၀ရာခိုင်နှုန်း နဲ့ synthetic ဖိုင်ဘာ ၅၀ရာခိုင်နှုန်း တို့ကိုပေါင်းစပ်ဖွဲ့စည်းပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့အချိန်မှာ အသုံးပြုတဲ့ရေပမာဏဟာ ယခင်ပုံမှန်သားရေထုတ်လုပ်မှုထက် ၉၀ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။ ဓာတုကုန်ထုတ်လုပ်မှုကြောင့် ထွက်ပေါ်လာတဲ့ Carbon footprint ကလည်းပုံမှန်ထက်၅ပုံတစ်ပုံပဲကျန်ရှိခဲ့တာပါ။ သားရေအစစ်အမှန်ထက် ၄၀ ရာခိုင်နှုန်းပိုမိုပေါ့ပါးပါတယ်။ ပွန်းပဲ့ခြင်းဒဏ်မှခံနိုင်ရည်ရှိမှုဟာလည်း သာမန်သားရေအစစ်ထက် ၅ဆ ပိုကောင်းတဲ့အတွက် ရေရှည်ဝတ်ဆင်ရန်သင့်တော်တဲ့ သားရေအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Nike နည်းပညာဒါရိုက်တာအဖွဲ့က အားကစားနယ်ပယ်အတွက် sustainable grade leather ဖြစ်တဲ့ “Flyleather” ကိုအသုံးပြုပြီး ဆန်းသစ်သောဒီဇိုင်းများကိုတီထွင်ဖန်တီးသွားမယ်လို့ကြေငြာခဲ့ပါတယ်။

ပထမဉီးဆုံး  Nike Flyleather product လေးဖြစ်တဲ့ all-white Nike Flyleather Tennis Classic ကိုတော့ US$ 85 နဲ့ Nike.com မှာ ၂၀၁၇ စက်တင်ဘာ ၁၈ မှာစတင်ရောင်းချခဲ့ပါတယ်။ နောက်ဆက်တွဲ limited Edition အဖြစ် ထုတ်လုပ်ရောင်းချခဲ့တဲ့ “Flyleather Sneaker” တွေကတော့ “Air Force 1” , “ Air Max 90” , “Cortez” , “Jordan 1” တို့ပဲဖြစ်ပါတယ်။

၂၀၁၇ စက်တင်ဘာလကစပြီး ထုတ်လုပ်ခဲ့တဲ့ Nike Flyleather နဲ့ပြုလုပ်ထားတဲ့ဖိနပ်တွေဟာဆိုရင် ဒီဇိုင်းအမြောက်အမြားနဲ့ ဈေးကွက်ထဲမှာ တွေ့နေရပါတယ်။ Retro ဒီဇိုင်းလေးတွေကတော့ လူငယ်တော်တော်များများကကြိုက်နှစ်သက်တာကိုတွေ့ရပါတယ်။ 

Nike Brand ဟာ sustainable နဲ့ပတ်သက်တဲ့ special collaboration တွေကိုလည်း နာမည်ကျော်ကြားတဲ့ iconic အနုပညာရှင်တွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ မှာဆိုရင် အနုပညာရှင်တစ်ဉီးဖြစ်တဲ့ Steven Harrington နဲ့ပူးပေါင်းပြီး “Earth Day” ကိုဂုဏ်ပြုတဲ့အနေနဲ့ Nike sustainable material တစ်ခုဖြစ်တဲ့ Flyleather ကိုအသုံးပြု၍ Blazer , Air Force 1 , Cortez တို့ပါဝင်တဲ့ sneaker collection pack တစ်ခုကိုထုတ်လုပ်ခဲ့ပါတယ်။ Steven Harrington ဟာ Los Angeles အခြေစိုက် psychedelic aesthetic အနုပညာရှင်တစ်ဉီးဖြစ်ပြီး “Earth Day” ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီcollection လေးအတွက် Planet ကို inspire ယူပြီးတော့သူ့ရဲ့ iconic design လေးကိုဖန်တီးခဲ့တာပါ ။ 

Steven Harrington
Nike X Steven Harrington Collaboration

၂၀၂၀ စက်တင်ဘာလမှာတော့ Nike Flyleather ကိုအသုံးပြုပြီး အနုပညာရှင် Ruohan Wang နှင့် ပူးပေါင်းပြီးတော့ (Air Force 1, Air Max 90, and Blazer Mid 77) စတဲ့ sneaker pack collectionလေးကို ဆက်လက်ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ Ruohan Wang ဟာ ဂျာမနီနိုင်ငံ ၊ ဘာလင်မြို့မှာ အခြေစိုက်တဲ့ တရုတ်အနုပညာရှင် တစ်ဦးဖြစ်ပြီး အနုပညာလောကတွင်ထူးခြားသောသရုပ်ဖော်သူ၊ ပန်းချီဆရာနှင့် အနုပညာရှင်တစ် ဦး အဖြစ် လူသိများပါတယ်။ ဒီ Nike sneaker pack collection လေးဟာ အနုပညာရှင် Ruohan Wang က Nike ရဲ့ဂန္ဓဝင်စီးရီးများကို သူမရဲ့အနုပညာနဲ့ပေါင်းစပ်ပြီး ပြန်လည်သစ်ဆန်းအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အားကစားသင်္ကေတနဲ့ အရောင်ကို Psychedelic prints နှင့်ပေါင်းစပ်ပြီးကမ္ဘာကြီးရဲ့ သဘာဝတရားကိုသရုပ်ဖော်ထားတဲ့ ဒီဇိုင်းဖြစ်တယ်လို့ Wang ကဆိုပါတယ်။

Ruohan Wang
Nike X Ruohan Wang Collaboration

Nike SB shoe model တစ်ယောက်ဖြစ်ပြီး professional skateboarding တစ်ဉီးဖြစ်တဲ့အပြင် ဂီတအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ “ Stefan Janoski” က Nike SB Janoski Flyleather plant color collection လေးကို ၂၀၂၀စက်တင်ဘာလ(၇)ရက်နေ့မှာ စတင်မိတ်ဆက် ခဲ့ပါတယ်။ Nike SB ကို sustainable product အဖြစ် Flyleather ကိုအသုံးပြုထားတဲ့အပြင် စွန့်ပစ်ရာဘာကနေ ပြန်လည်အသုံးပြုထားတဲ့ Nike Grind material ၃ရာခိုင်နှုန်းကိုပေါင်းစပ်ပြီး ဖန်တီးထုတ်လုပ်လိုက်တာတွေ့ရပါတယ်။ ဒီဒီဇိုင်းလေးကိုတော့ စကိတ်စီးသူ အားကစားသမားများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပထမဆုံးထုတ်လုပ်လိုက်တဲ့ sustainable skateboarding sneaker လေးပဲဖြစ်ပါတယ်။

Stefan Janoski
Nike X Stefan Janoski Collaboration

Nike ဟာ အားကစားဖိနပ်ထုတ်လုပ်မှုရဲ့ sustainable fashion နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေဆန်းသစ်တီထွင်မှုတွေကို ဖန်တီးရာမှာ ရှေ့ဆောင်အဖြစ် နေရာယူထားတဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ Nike ဖိနပ်ဒီဇိုင်းဌာနရဲ့ ဒုတိယဥက္ကဌြဖစ်တဲ့ TonyBighell က “ထုတ်ကုန်အသစ်တစ်ခုကို ဒီဇိုင်းဆွဲတဲ့အခါမှာ ရေရှည်တည်တံ့ခိုင်မြဲဖို့ ၊ လှပဖို့နဲ့အသုံးဝင်ဖို့ဆိုတဲ့ အချက်သုံးချက်ကို စိတ်ထဲမှာထားသင့်ပါတယ်။ ဒီအချက်သုံးချက်ကို Flyleather နဲ့ အတူအကောင်အထည်ဖော်သွားမှာပါ” လို့ဆိုခဲ့ပါတယ်။ ၂၀၂၀မှာတော့ Nike Brand ဟာ move to zero ဆိုတဲ့ sustainable target ဆီကိုရောက်အောင် ဆက်လက်ပြီး အကောင်အထည်ဖော် နေဆဲဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါရစေ။

Written by Zar

Reference :  

  1. https://www.nikesb.com
  2. https://news.nike.com/news/nike-earth-day-sustainability-2020
  3. https://www.nike.com/gb/sustainability

3 thoughts on “Nike Flyleather: Nike Presented Some of its Most Sustainable Products Ever

  1. Hey very cool website!! Man .. Excellent .. Amazing .. I will bookmark your web site and take the feeds also?I’m happy to find so many useful information here in the post, we need work out more techniques in this regard, thanks for sharing. . . . . .

  2. I have read your article carefully and I agree with you very much. This has provided a great help for my thesis writing, and I will seriously improve it. However, I don’t know much about a certain place. Can you help me?

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes