Popular Types of Scarves Styles

ယနေ့ခေတ် ဖက်ရှင်လောကရဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေ တိုးတက်လာတာနဲ့အမျှ ပဝါတွေရဲ့အသုံးဝင်မှုတွေကလည်းများပြားလာပါတယ်။ ပဝါတွေဟာ ဒီခေတ်မှာ ဆောင်းတွင်းသုံးပစ္စည်းတစ်ခုလို့သာ သတ်မှတ်လို့မရတော့ပါဘူး။ အသုံးပြုထားတဲ့ အခြေခံကုန်ကြမ်း အမျိုးအစားတွေပေါ်မူတည်ပြီး ဖက်ရှင် accessory တစ်ခုအနေနဲ့ အရောင်အမျိုးမျိုး ၊ pattern အမျိုးမျိုး နှင့် ပဝါဒီဇိုင်းအမျိုးမျိုးတို့ပေါ်ထွက်လာခဲ့ပြီး ဝတ်ဆင်ရတဲ့ နည်းစနစ်တွေလည်း ပြောင်းလဲသွားကြပါတယ်။ ပဝါတစ်ထည်ကို နည်းမျိုးစုံနဲ့ စတိုင်လ်အမျိုးမျိုး ပေါ်ထွက်လာအောင် ဖက်ရှင်ကျကျဝတ်ဆင်လို့ရပါတယ်။ ပဝါအမျိုးအစားတွေ အများကြီးထဲက ပေါ်ပျူလာဖြစ်တဲ့ ပဝါပုံစံလေးများနဲ့ ကွဲပြားတဲ့ဝတ်ဆင်ပုံ စတိုင်လ်လေးများကို စာဖတ်သူတို့ လေ့လာရအောင် Scarves Styles အမျိုးအစားလေးတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။
Convertible Scarf Sweater

Convertible Scarf Sweater ဆိုတာ ပုံစံမျိုးစုံ ပြောင်းလွယ်ပြင်လွယ် ဝတ်ဆင်နိုင်တဲ့ ပဝါလဲဖြစ်သလို ဆွယ်တာအင်္ကျီတစ်မျိုးလည်း ဖြစ်ပါတယ်။ ကိုယ်ကြိုက်သလို ကိုယ်ပိုင်စတိုင်ကို ကွဲပြားခြားနားတဲ့ နည်းလမ်းများစွာနဲ့ ရွေးချယ် ပြောင်းလဲ ဝတ်ဆင်နိုင်စေရန် ဒီဇိုင်းပြုလုပ်ထားသော ခေတ်မှီဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီပဝါဆွယ်တာ ဝတ်ဆင်နည်းလေးကို အထက်မှာဖေါ်ပြထားတဲ့ linkတွ င်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Sarong Scarf

Sarong လို့ခေါ်တဲ့ ပဝါများဟာ များသောအားဖြင့် ၄-၅ ပေရှည်သောအထည်ဖြစ်ပြီး အပိုင်းအစတစ်ခု သို့မဟုတ် ဝတ်စုံတစ်စုံကဲ့သို့ ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒီပဝါအမျိုးအစားကို ဝတ်ဆင်ဖို့ ကွဲပြားခြားနားတဲ့ နည်းလမ်းများစွာရှိပါတယ်။ ဘစ်ကီနီ(ရေကူးဝတ်စုံ)ကို ပတ်၍ အင်္ကျီတစ်ထည်အဖြစ် ချည်နှောင်ထားပြီး စကတ်ပုံစံစတိုင်လ် ဝတ်ဆင်လေ့ရှိကြပါတယ်။ ချိတ်နဲ့မချိတ်ထားဘဲ ပတ်ထမီပုံစံ (shawl) တစ်ထည် အဖြစ်လည်း ဝတ်ဆင်လို့ရပါတယ်။
Shawls/ Blanket Scarf

Shawl ခေါ် စောင်ပဝါဟာ ခြုံပဝါထဲမှာ အရွယ်အစားအကြီးဆုံးဖြစ်ပြီး စတုဂံပုံသဏ္ဌန်ရှိတဲ့ စောင်ပဝါတစ်မျိုးပဲ ဖြစ်ပြီး ဆောင်းရာသီမှာ ဖက်ရှင်အကျဆုံးပုံစံဖြင့် ဝတ်ဆင်နိုင်တဲ့ popular scarf style တစ်ခုပဲ ဖြစ်ပါတယ်။ ဖက်ရှင် Runway ပြပွဲတွေမှာသာမက casual street style တွေမှာပါ ရေပန်းစားတဲ့ဖက်ရှင်စတိုင်တစ်မျိုးအဖြစ် ဝတ်ဆင်တတ်ကြပါတယ်။
Stole/ Boa Scarf

Stoe Boa Scarf ဟာ (fur, pashmina, and silk) သားမွေး ၊ ပက်ရှ်မီနာ နဲ့ ပိုး ကဲ့သို့သော စျေးကြီးပြီး ဇိမ်ခံကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုပြီးချုပ်လုပ်ထားပါတယ်။ သားမွှေးပဝါများကို ဆောင်းတွင်းပါတီပွဲများတွင် ဖက်ရှင်တစ်ခုအဖြစ် ဝတ်ဆင်လေ့ရှိကြပြီး အခြားရာသတွေမှာ ပိုးပဝါကို အစားထိုးဝတ်ဆင်တတ်ကြပါတယ်။
Muffler Scarf

မာဖလာပဝါဆိုတာ လူတိုင်းကြားဖူးကြမယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာ ရှေးရှေးထဲက ရင်းနှီးပြီးစားပဝါအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ သားမွှေးပဝါတွေထက် ဈေးပိုသက်သာပေမယ့် ဝါ ၊ သိုးမွှေး ၊ ကတ္တီပါ စတဲ့ (luxurious fabric) အဆင့်မြင့်ကုန်ကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ မာဖလာပဝါတွေကိုလည်း တွေ့ရပါတယ်။ မတူတာကတော့ မာဖလာပဝါ ကိုနွေရာသီမှာလည်း ဝတ်လို့ရတာပါပဲ။
Regular or Antique Scarf

ဒီပဝါအမျိုးအစားတွေဟာ ခေတ်ဟောင်းပဝါအမျိုးအစားထဲမှာပါပေမယ့် အခုခေတ်အထိ အသုံးပြုနေတဲ့ပဝါတွေလို့ပြောလို့ရပါတယ်။ သူတို့ရဲ့ပုံသဏ္ဌာန်ဟာ အနည်းဆုံးတစ်ကြိမ် လည်ပင်းပတ်ပတ်လည်မှာ လုံလုံလောက်လောက် ခြုံလို့ရတဲ့ စတုဂံပုံနဲ့ တူပါတယ်။ ပုံမှန်ပဝါတွေဟာ နွေရာသီနဲ့ ဆောင်းရာသီဝတ်စုံတွေမှာ နည်းအမျိုးမျိုးနဲ့ ၀တ်ဆင်လို့ရပြီး ဇာအမျိုးမျိုး ၊ အမြိတ်အမျိုးမျိုးတို့နဲ့ တန်ဆာဆင်ထားတာတွေ့ရပါတယ်။
Cowl Scarf

Cowl ပဝါအမျိုးအစားကတော့ ခေါင်းစွပ်ပဝါဖြစ်ပြီး ဆောင်းတွင်းသုံးပဝါဖက်ရှင်စတိုင်တစ်ခုပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ ဖက်ရှင်ပိုကျအောင် ဆွယ်တာပုံစံများ အနေနဲ့လည်း စတိုင်လ်မိမိ ဝတ်လာကြတာ တွေ့ရပါတယ်။
Infinity Scarf Style

Infinity သင်္ကေတကဲ့သို့ လည်ပင်းတွင်နှစ်ပတ်ပတ်ထားသည့် ဆောင်းရာသီသုံး ခေါင်းစွပ်ပဝါတစ်မျိုးပဲဖြစ်ပါတယ်။ သားရေ၊ သိုးမွှေး၊ ဂျာစီကဲ့သို့သော ကုန်ကြမ်းအမျိုးအစားတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ ပဝါစတိုင်လ်တစ်မျိုးပဲ ဖြစ်ပါတယ်။
Snood Scarf

Snood ပါဝါအမျိုးအစားဟာ ဖက်ရှင်ဝါဟာရအရ ကျူဗျူလာပုံပဝါ (Tubular scarf) တစ်မျိုးဖြစ်ပါတယ်။ Cowl ပဝါအကြီးစားတစ်မျိုးဖြစ်ပြီး infiity ပဝါနဲ့လည်း ဆင်ပါတယ်။ ခြားနားချက်ကတော့ (high neck) လည်မြင့်ပဝါတစ်မျိုးဖြစ်ပြီး ဉီးထုပ်ကိုသီးခြားမချုပ်ထားဘဲ ဉီးထုပ် ကဲ့သို့ ဆွဲတင်၍ အလွယ်တကူ ခေါင်းကိုဖုန်းအုပ်ပြီး ဝတ်ဆင်နိုင်သော ဆောင်းရာသီဝတ်ဖက်ရှင်တစ် မျိုးပဲဖြစ်ပါတယ်။
Triangle Scarf

(Triangle Scarf) ဟာ တြိဂံပုံသဏ္ဍာန်ရှိတဲ့ ပဝါတစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် တတိယထောင့်ဟာ ရင်ဘတ်ကိုဖုံးအုပ်ကာ လည်ပင်းပတ်ပတ်လည်တွင် ထောင့်စွန်းတွေက ပခုံးပေါ်သို့ အကန့်အသတ်မရှိ ကျနေတာကို တွေ့ရမှာပါ။ လည်ပင်းတစ်ဝိုက်မှာ ပတ်ထားပြီး တြိဂံပဝါရဲ့ သေးငယ်ဆုံးအပိုင်း၏အဆုံးကို ခြုံရပါတယ်။ အအေးမိခြင်းနဲ့ ပူအိုက်ခြင်းမှ ကာကွယ်ရန်အတွက် ဒီပဝါတွေဟာ ခြုံထည်ထက် ဖက်ရှင်တန်ဆာတစ်ခုနှင့်ပိုတူပါတယ်။ ဆောင်းရာသီနဲ့ နွေရာသီနှစ်မျိုးလုံးတွင် ဝတ်ဆင်နိုင်ပြီး ပိုက်ကွန်မှအစ ဝါဂွမ်း ၊ သိုးမွှေး ၊ ဇာအမျိုးမျိုး တို့နဲ့ချုပ်လုပ်ထားတာတွေ့ရပါတယ်။
Face Mask Scarf Handkerchief

ပေါ့ပါးတဲ့ပိတ်အမျိုးအစားနဲ့ ချုပ်လုပ်ထားပြီး ၂၀၂၀ မှာ ခေတ်စားနေတဲ့ အဆင်စုံ အရောင်စုံ Mask ပဝါဖက်ရှင်လေးပဲဖြစ်ပါတယ်။ ရာသီမရွေးအသုံးပြုနိုင်ပြီး Mask လို တဖုံ ၊ ပဝါလို တစ်နည်း ဝတ်ဆင်အသုံးပြုနိုင်ပြီး စက်ဘီး ၊ ဆိုင်ကယ်စီးသူတွေကတော့ နေကာမျက်နှာဖုံးလိုတစ်မျိုးပါဝတ်ဆင်နိုင်ပါတယ်။ ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ် များကလည်း ပုံစံအမျိုးမျိုးနဲ့ဖက်ရှင်ကျအောင် ဖန်တီးထားတဲ့ Mask Scarf တွေကိုလည်း ဖက်ရှင်ပြပွဲတွေမှာတွေ့နိုင်ပါတယ်။
New Style of Functional Scarves

လျှို့ဝှက်အိပ်ကလေးပါတဲ့ Anti Theft ပဝါလေးကတော့ ခရီးသွားနေစဉ်အတွင်း နိုင်ငံကူးလက်မှတ် ၊ ATMကဒ်စတဲ့ ပစ္စည်းလေးများ ကိုကိုယ်နဲ့မကွာသိမ်းဆည်းနိုင်တဲ့ funtional အိတ်ကပ်ပါတဲ့ ပဝါဒီဇိုင်လေးပဲ ဖြစ်ပါတယ်။ လျှပ်စစ်အပူပေးသောပဝါ အမျိုးအစားကတော့ နူးညံ့ပျော့ပျောင်းတဲ့ micro-သိုးမွေးထည်နဲ့ ပြုလုပ်ထားပြီး အေးမြသော ဆောင်းရာသီတွင် နွေးထွေးပြီး သက်တောင့်သက်သာရှိစေတဲ့ funtional scarfတစ်ခုပင်ဖြစ်ပါတယ်။ ယနေ့ခေတ် ဖက်ရှင်လောကမှ ဒီဇိုင်းများဟာ လှပမှုတစ်ခု အတွက်သာမက စတိုင်လ်မိမိနဲ့ အသုံးလဲကျအောင် ဖန်တီးထားတာတွေ့ရပါတယ်။
Comments
I want to express some thanks to the writer just for bailing me out of such a instance. Because of looking out throughout the search engines and meeting tips that were not productive, I assumed my entire life was over. Existing devoid of the approaches to the problems you’ve fixed by means of your short article is a crucial case, as well as those which could have in a wrong way damaged my entire career if I had not noticed your site. Your personal knowledge and kindness in dealing with everything was helpful. I’m not sure what I would have done if I had not discovered such a step like this. It’s possible to at this time look ahead to my future. Thank you very much for your expert and sensible guide. I won’t hesitate to refer your web site to anybody who should receive direction about this subject.