Showing 32 Result(s)

Psycho But It’s okay; Seo Ye ji Fashion Look-book

ဒီနေ့ တင်ဆက်ပေးမယ့် အကြောင်းအရာ လေးကတော့ မြန်မာ ပရိသတ်တွေကြားမှာ သာမက ကမ္ဘာတစ်ဝှမ်းမှာပါ ရေပန်းစားခဲ့တဲ့ “Psycho but It’s okay “ ဇာတ်လမ်းတွဲထဲက မင်းသမီး Seo Ye ji ရဲ့ စတိုင် look-book လေးပဲ ဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းလေးထဲမှာ သူမဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် မနေတတ်တဲ့( sociopath) ကလေးပုံပြင် စာရေးဆရာမ တစ်ယောက်အနေနဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ဆွဲဆောင်မှုရှိပြီး စိတ်ကူးယဉ်ဆန်တဲ့ ဝတ်စုံတွေကို အချိတ်အဆက်မိမိနဲ့ တွဲစပ် ဝတ်ဆင်ထားတဲ့ classy chic စတိုင်ကို သူမရဲ့ Inverted triangle Body shape(ပခုံးပိုကျယ်တဲ့ ခန္ဓာကိုယ်)လေးနဲ့ …

Scarves Fashion (Part 2)

Popular Types of Scarves Styles  ယနေ့ခေတ် ဖက်ရှင်လောကရဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေ တိုးတက်လာတာနဲ့အမျှ ပဝါတွေရဲ့အသုံးဝင်မှုတွေကလည်းများပြားလာပါတယ်။ ပဝါတွေဟာ ဒီခေတ်မှာ ဆောင်းတွင်းသုံးပစ္စည်းတစ်ခုလို့သာ သတ်မှတ်လို့မရတော့ပါဘူး။ အသုံးပြုထားတဲ့ အခြေခံကုန်ကြမ်း အမျိုးအစားတွေပေါ်မူတည်ပြီး ဖက်ရှင် accessory တစ်ခုအနေနဲ့ အရောင်အမျိုးမျိုး ၊ pattern အမျိုးမျိုး နှင့် ပဝါဒီဇိုင်းအမျိုးမျိုးတို့ပေါ်ထွက်လာခဲ့ပြီး ဝတ်ဆင်ရတဲ့ နည်းစနစ်တွေလည်း ပြောင်းလဲသွားကြပါတယ်။ ပဝါတစ်ထည်ကို နည်းမျိုးစုံနဲ့ စတိုင်လ်အမျိုးမျိုး ပေါ်ထွက်လာအောင် ဖက်ရှင်ကျကျဝတ်ဆင်လို့ရပါတယ်။ ပဝါအမျိုးအစားတွေ အများကြီးထဲက ပေါ်ပျူလာဖြစ်တဲ့ ပဝါပုံစံလေးများနဲ့ ကွဲပြားတဲ့ဝတ်ဆင်ပုံ စတိုင်လ်လေးများကို စာဖတ်သူတို့ လေ့လာရအောင် Scarves Styles အမျိုးအစားလေးတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။ Convertible Scarf Sweater Convertible …

Record of Youth; Park So Dam Look-book

ဒီနေ့မှာတော့ မကြာသေးခင်က ပြသခဲ့ တဲ့ “Record of Youth” ဇာတ်လမ်းလေးထဲက မင်းသမီး Park So Dam ရဲ့ Look-book လေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ သူမဟာ အောင်မြင်တဲ့ မိတ်ကပ်အနပညာရှင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ တွေ့မြင်ရပါတယ်။ ကာရိုက်တာနဲ့ လိုက်ဖက်ညီစွာ သူမရဲ့ ဝတ်စုံလေးတွေက ရိုးရှင်းပြီး လူငယ်ဆန်တဲ့ စတိုင်လေးကို ဖော်ကြူးထားတာကို တွေ့မြင်ရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျနိုင်ပြီး လူငယ်ဆန်တဲ့ စတိုင်လေးတွေ ဖြစ်တာကြောင့် မြန်မာက chic street -style ကို နှစ်သက်တဲ့ ကောင်မလေးတွေအတွက် ဒီ Look-book လေးကို တင်ဆက်ပေးလိုက်ရပါတယ်။ …

2020 ရဲ့ VENICE FILM FESTIVAL ကစွဲမက်ဖွယ်ရာ (GLAMOROUS) ဝတ်စုံ၇စုံ

၁၉၃၂ ခုနှစ်တည်းက အီတလီနိုင်ငံ ဗင်းနစ်စ်မြို့မှာ စလုပ်ခဲ့တဲ့ ကမ္ဘာ့ အကျော်ကြားဆုံး ရုပ်ရှင်ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Venice Film Festival ကို fashion ချစ်သူများအားလုံး သိကြလိမ့်လို့ထင်ပါတယ်။ ဒီ၂၀၂၀ ခုနှစ်အတွက် ၇၇ ကြိမ်မြောက်ပွဲတော်ကိုလည်း ယခု စက်တင်ဘာလ ၂ရက်နေ့ကနေစပြီးတော့ ၁၂ ရက်နေ့ထိ ၁၁ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲတော်ကြီးကိုတက်ရောက်လာကြတဲ့ ကမ္ဘာကျော်တွေရဲ့ glamour vibe (ပြောင်လက်တောက်ပသောစွဲမက်ဖွယ်ရာရသ) ကို ဖော်ဆောင်တဲ့ ပွဲတက်ဝတ်စုံ ၇စုံရဲ့ အကြောင်းကိုပြောပြပေးသွားပါမယ်။ Cate Blanchett ပထမဆုံး အနေနဲ့ ပြောပြပေးသွားမှာကတော့ ရုပ်ရှင်ပွဲတော်ရဲ့ ပထမဆုံး ဖွင့်ပွဲနေ့မှာ ဝတ်ဆင်သွားခဲ့တဲ့ Cate Blanchett ရဲ့ အနက်ရောင်ပွဲတက်ဝတ်စုံ …

Scarves Fashion (Part 1)

Scarves Are The Style Statement Accessory!  Scarves လို့ခေါ်တဲ့ ပုဝါတွေကတော့ ဆောင်းရာသီမှာသာ အသုံးပြုကြတဲ့ ပစ္စည်းများမဟုတ်တော့ဘဲ အထူအပါးပေါ်မူတည်ပြီး ရာသီဥတုဒဏ်မှ ကာကွယ်သော Style statement accessory တစ်မျိုးအဖြစ်လဲ ပြောင်းလဲဝတ်ဆင်လာကြပါတယ်။ ပုဝါမှာ ပါဝင်တဲ့ (Fabric Material ) ပိတ်အမျိုးအစားပေါ် မူတည်ပြီးတော့လည်း ရာသီဥတုအလိုက် အထူအပါးမတူညီတာတွေကို တွေ့ရပါတယ်။ ကုန်ကြမ်းဖြစ်တဲ့ ပိတ်အမျိုးအစားထဲတွင်လည်း Cotton၊ Linen နဲ့ Silk လိုမျိုး ပေါ့ပါးအေးမြတဲ့ ပစ္စည်းများနဲ့လည်း ပြုလုပ်လေ့ရှိသလို Wool – သိုးမွှေး (သို့မဟုတ်) Leather-သားရေ တို့လို အမျိုးအစားတွေနဲ့လဲ ပြုလုပ်ကြပြီး ရာသီဥတုကိုလိုက်ကာ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ …

Record Of Youth; Park Bo gum Style Look-book

ဒီနေ့ တင်ဆက်ပေးမယ့် Look-book လေးကတော့ မကြာသေးမီက ပြသသွားခဲ့တဲ့ “Record of Youth” ဒရာမာကားထဲက မင်းသားချော Park Bo Gum ရဲ့ Look-book လေးပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် ဒီဇာတ်ကားလေးထဲမှာ မင်းသားဖြစ်ချင်တဲ့ သူ့အိပ်မက်ကလေးအတွက် ကြိုးစားရုန်းကန်နေရတဲ့ တက်သစ်စ မော်ဒယ်လေး တစ်ယာက် အဖြစ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် သူ့ရဲ့ နှစ်လိုဖွယ် ကောင်းလှတဲ့ မျက်နှာချိုချိုလေးနဲ့ အဝတ်အစားလေးတွေကို ဘယ်လို လိုက်ဖက်ညီအောင် ဝတ်ဆင်ထားလဲ ဆိုတာ အတူတူ လေ့လာကြည့်ကြရအောင်။ ပထမဦးဆုံး ဝတ်စုံလေးမှာတော့ Maison Margiela က အပြာရင့်ရောင်(navy) Blazer လေးနဲ့ အသားရောင် …

Disney Fairy Tale Wedding Collection of Allure Bridal…..

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ… Disney Princess လေးတွေကို ဆိုရင်တော့ အားလုံးပဲရင်းနှီးပြီးသားဖြစ်ကြမှာပါ ငယ်ငယ်ကတည်းကသိခဲ့ကြတဲ့ Fairytale ပုံပြင်လေးတွေထဲက မင်းသမီးလေးတွေကို ကြည့်ပြီး အားကျခဲ့ကြရတယ်မလား… အဲ့လိုမျိုး Disney Princess လေးတွေကို အားကျပြီး မင်းသမီးလေးဖြစ်ချင်ကြတဲ့ အမျိုးသမီးလေးတွေအတွက် ရည်ရွယ်ပြီး Allure Bridal က Disney Fairy Tale Wedding Collection ဆိုတဲ့ Bridal wear collection လေးကို ပထမဆုံးမိတ်ဆက်ထားပါတယ်နော်… US နဲ့ Canada အခြေစိုက်မို့ အဲ့နိုင်ငံတွေမှာနေကြတဲ့ သတို့သမီးလောင်းလေးတွေအတွက်တော့ အားကျစရာပါပဲ… ဒီ Collection မှာတော့ Style ၁၆ မျိုးတောင် ပါဝင်ပြီး …

Dolce And Gabbana; Patchwork Collection

ဒီနေ့ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Dolce & Gabbana ရဲ့ Spring Summer 2021 အမျိုးသမီးဝတ် ဖက်ရှင်ရှိုးပွဲမှာ ပြသခဲ့တဲ့ Patchwork collection အကြောင်းလေးပဲ ဖြစ်ပါတယ်။ COVID 19 ကမ္ဘာကပ်ရောဂါရဲ့ ပြင်းထန်လှတဲ့ ရိုက်ခက်မှုတွေကြောင့် ဒီဇိုင်နာတို့ဟာဆိုရင် တီထွင်ဖန်တီးမှုတွေအတွက် ပြင်ဆင်ရပါတော့တယ်။ ဒီနှစ်ရဲ့ နာမည်ကြီးဖက်ရှင်ရှိုးတော်တော်များများဟာ Minimal Art ( အလွန်အကဲ ရိုးရှင်းတဲ့ အနုပညာဖန်တီးမှု) တွေအပေါ် အဓိကထား ဖန်တီးလာကြတာ တွေ့ရပေမဲ့ Dolce & Gabbana ကတော့ လုံးဝကို ကွဲထွက်ကာ ဖော်ပြခဲ့တာကို တွေ့မြင်ရပါတယ်။တောက်ပတဲ့ အရောင်နဲ့ ထူးကဲများပြား လှတဲ့ prints ဒီဇိုင်း …

Boho Style

ဒီနေ့မှာတော့ fashion ချစ်သူတို့ကို Boho Style နဲ့ပတ်သက်ပြီး ဝတ်စားဆင်ယင်ပုံလေးတွေကိုပြောပြပေးသွားပါမယ် Boho  Style ဆိုတာသည် Bohemian လူမျိုးစုတွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ သိသိသာသာထွန်းကားလာတဲ့ hippie လူမျိုးတွေရဲ့ အနွယ်ဝင်ဖြစ်ပါတယ်။ ၁၉၆၀ တော်လှန်ရေးခေတ် မှာ hippie တွေရဲ့တော်လှန်ရေးလည်းပါဝင်တာမို့ ၄င်းနှစ်တွေမှာ Boho style ဟာအင်မတန်ရေပန်းစားခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ UK မှာ Sienna Miller နဲ့ Kate Moss၊ US မှာ Mary Kate Olsen တို့ကြောင့် Boho Chic Style ဟာတစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ Boho style identity ရှိတဲ့ …

CHRISTIAN DIOR ရဲ့ HAUTE COUTURE AW20-21 COLLECTIONအား ရင်သပ်ရှုမောဖွယ် တင်ဆက်ပြသခြင်း

Christian Diorရဲ့ Haute Couture Autumn/Winter 2020-2021 Collection ကို July 6 ရက်နေ့မှာ Digital Show အဖြစ် online ကနေ တင်ဆက်ပြသခဲ့ပါတယ်။ Covid19 ရောဂါကြောင့် တကယ့်Fashion showပွဲ မလုပ်နိုင်ခဲ့ပေမယ့် အဆင့်အတန်း မြင့်မားပြီး အသေးစိတ်ကျလှတဲ့ အနုပညာ ဖန်တီးမှုတွေအပြင် တမှုထူးခြားတဲ့ တင်ဆက်ပြသမှုကြောင့် လူအများရဲ့ နှစ်သက်မှုကို ရရှိခဲ့ပါတယ်။ Creative Director “Maria Grazia Chiuri” ရဲ့ စိတ်ကူးယဉ်ဆန်ပြီး အိပ်မက်ဆန်တဲ့ Dior AW20/21 collection ကို အီတလီလူမျိုး ရုပ်ရှင်ပညာရှင် Matteo Garrone နဲ့ တွဲဖက်ပြီး …