Site Overlay

Why You need to Study Fashion History And How

ပညာရပ် တစ်ခုကို လေ့လာတော့မယ်ဆိုရင် ထိုပညာရပ်နဲ့ ပတ်သတ်တဲ့ အသိပညာ ဗဟုသုတနဲ့ သမိုင်းကြောင်းတွေကို သိထားသင့်ပါတယ်။ ဥပမာ ရုပ်ရှင်ပညာကို လေ့လာတော့မယ်ဆို ရုပ်ရှင်ပညာရဲ့ ဗဟုသုတနဲ့ သမိုင်းကြောင်းတွေကို အရင် လေ့လာထားရပါမယ်။ ထို့အတူ ဖက်ရှင်ပညာရပ်ပိုင်းကို လေ့လာရာမှာလဲ အတူတူပါပဲ။ ဖက်ရှင်ရဲ့ သမိုင်းကြောင်းကို လေ့လာထားမှ ဖက်ရှင်ဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့ပြီး ယခုအချိန်အထိ ခေတ်အဆက်ဆက်ရဲ့ လူနေမှု ဘဝတွေမှာ ဘယ်လို ပါဝင်ပတ်သတ်နေလဲ ဆိုတာကို သိရှိနိုင်မှာပါ။ ဒါ့အပြင် နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာတွေရဲ့ အကြောင်းတွေ ၊သူတို့ ဘယ်လို Inspire ယူပြီး ဘယ်လို ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ အကြောင်းတွေ နဲ့ ဘာတွေကြောင့် သူတို့ဟာ အောင်မြင်လာခဲ့တာလဲ၊ ဘယ်လို အကြောင်းတွေကြောင့် သူတိုကို Iconic အဖြစ် သတ်မှတ်ခဲ့ကြတာလဲ ဆိုတဲ့ ဗဟုသုတတွေဟာ ဒီဖက်ရှင် သမိုင်းကြောင်းကို ကိုယ်တိုင်လေ့လာမှ သိရှိနိုင်မယ့် အရာတွေပဲ ဖြစ်ပါတယ်။

  အဲဒီဗဟုသုတတေကနေမှ တစ်ဆင့် ကောင်းမွန်ပြီး ဆန်းသစ်တဲ့ အတွေးအမြင်အသစ်တွေနဲ့ ခွန်အားတွေကို ရရှိလာစေမှာပဲ ဖြစ်ပါတယ်။ ကဲ အဲတာဆို ဒီ ဖက်ရှင်သမိုင်းကြောင်းတွေကို ဘယ်လို လေ့လာရမှာလဲ ? စိတ်မပူပါနဲ့။ ယခု ၂၁ ရာစုနှစ်မှာ အလွယ်ကူဆုံး အရာက သင်ယူလေ့လာခြင်းပါပဲ။အဲဒါကြောင့် ဒီနေ့မှာတော့ ဖက်ရှင်သမိုင်းကြောင်းတွေ အလွယ်တကူ လေ့လာလို့ရတဲ့ sources လေးတွေကို ရှယ်ပေးလိုက်ပါတယ်။

Social Media

သတင်းအချက်အလက်တွေ အလွယ်တကူ ရနိုင်တဲ့နေရာကတော့ အာလုံးသိကြတဲ့ Social Media platform တွေပါပဲ။ Instagram ,Twitter , Facebook အစရှိတဲ့ Social Media Platform တွေမှာ ဒီဇိိုင်နာတွေနဲ့ သူတို့ရဲ့ Brands Page တွေကို Follow လုပ်ထားလိုက်ပါ။ အဲလိုလုပ်ထားခြင်းအားဖြင့် အနည်းဆုံးတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ Update သတင်းတွေကို တီးမိခေါက်မိနေပါလိမ့်မယ်။ ဒါ့အပြင် အခုဆို Facebook မှာဖက်ရှင်နဲ့ ဆိုင်တဲ့ ဗဟုသုတတွေရှယ်ပေးတဲ့ Groupတွေ ၊ Page တွေ အများကြီး ရှိလို့နေပါပြီ။ အဲဒီ Page တွေ groupတွေကနေလဲ များပြားလာတဲ့ Resources တွေကို ရရှိနိုင်ပါတယ်။

Fashion Magazines & Websites

နောက်ထပ် လွယ်လွယ်ကူကူလေ့လာနိုင်တဲ့ ရင်းမြစ်နေရာကတော့ Vogue , Bazaar နဲ့ I-D အစရှိတဲ့ ဖက်ရှင် မဂ္ဂဇင်းတွေပါပဲ။ သူတို့ရဲ့ ဆောင်ပါးတွေကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ ဖက်ရှင်လောကအကြောင်းကို သိနိုင်သလို နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတွေနဲ့ ဖက်ရှင် သမိုင်းတွေ အကြောင်းတွေကိုလဲ သေချာလေ့လာနိုင်ပါတယ်။ သူတို့ရဲ့ website တွေမှာ တင်ထားတဲ့ ဆောင်ပါးတွေကို လွယ်လွယ်ကူကူနဲ့ အလကားဝင်ရောက် ဖတ်ရှုနိုင်ပြီး သူတို့ရဲ့ Issue စာအုပ်တွေကိုတော့ သက်ဆိုင်ရာ Application တွေကနေ Digital ဝယ်ယူ ဖတ်ရှုလို့ရနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Vogue Runway ဆိုတဲ့ Free Application ကနေဆို တင်ဆက်ပြီးသမျှ ဖက်ရှင် ဒီဇိုင်နာတွေရဲ့ ရှိုးပွဲပုံတွေနဲ့ အတူ Reviews တွေကို ဖတ်ရှုနိုင်ပါတယ်။

Fashion History Books

စာအုပ်ဖတ်ခြင်းကတော့ တကယ့်ကို အကောင်းမွန်ဆုံး လေ့လာခြင်း တစ်ခုပါပဲ။ ဖက်ရှင်သမိုင်းကြောင်း စာအုပ်တွေ အပြင် နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတွေရဲ့ သူတို့ Collection တွေအကြောင်းရေးထားတဲ့ စာအုပ်တွေ၊ ဖက်ရှင်စတိုင်တွေ အကြောင်း စာအုပ်တွေအကြောင်း အများအပြား ရွေးချယ်ဖတိရှုနိုင်ပြီး ပိုပြီး အသေးစိတ်ကျလှတဲ့ ဗဟုသုတတွေကို ရယူနိုင်ပါတယ်။ ဘယ်စာအုပ်ဖတ်ရမလဲ မသိရင်တော့ YouTube တို့ Google တို့မှာ Best Fashion Books To Read ဆိုပြီး ရှာဖွေပြီး ဖတ်ရှုနိုင်ပါတယ်။

Others Sources

တခြားလေ့လာလို့ရနိုင်တဲ့ ရင်းမြစ်တွေကတော့ ဖက်ရှင် ရုပ်ရှင်တွေ၊ နာမည်ကြီး ဒီဇိုင်နာတွေရဲ့ အတ္တုပ္ပတိရုပ်ရှင်တွေကို ကြည့်ရှုရင်းနဲ့ လေ့လာနိုင်ပြီး YouTube က ဖက်ရှင် သမိုင်းကြောင်းတွေ တင်တဲ့ Channel တွေကို Follow up လုပ်ပြီး လေ့လာနိုင်ပါတယ်။ “The Ultimate Fashion History” ဆိုတဲ့ YouTube Channel ဆို သမိုင်ကြောင်းတွေကို စာတွေပုံတွေနဲ့ Lecture ပေးသလို ရှင်းပြပေးတာကြောင့် အချိန်ကြာပေမယ့် ဖက်ရှင်ကိုတကယ် စိတ်ဝင်စားရင်တော့ အလွန်ကို အထောက်အကူပြုတဲ့ Channel လေး တစ်ခုပဲ ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် ဖက်ရှင် သမိုင်းကြောင်းတွေကို ဘာလို လေ့လာသင့်ပြီး ဘယ်လို လွယ်လွယ်ကူကူ လေ့လာရမလဲ ဆိုတာ အားလုံးပဲ သိသွားကြပြီလို့ ထင်ပါတယ်။ ဖက်ရှင်ပညာရပ်ကို စိတ်ဝင်စားပြီး လေ့လာလိုကြတဲ့ သူတွေအတွက် ဒီဆောင်ပါးလေးက အထောက်အကူပြုဖို့ မျှော်လင့်ရင်း နိဂုံးချုပ်လိုက်ပါတယ်။ နောက်ထပ်လဲ ကောင်းမွန်တဲ့ ဖက်ရှင်ဆောင်ပါးလေးတွေ တင်ဆက်ပေးဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။

By Yamin Inzali

References

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes