၁၉၃၂ ခုနှစ်တည်းက အီတလီနိုင်ငံ ဗင်းနစ်စ်မြို့မှာ စလုပ်ခဲ့တဲ့ ကမ္ဘာ့ အကျော်ကြားဆုံး ရုပ်ရှင်ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Venice Film Festival ကို fashion ချစ်သူများအားလုံး သိကြလိမ့်လို့ထင်ပါတယ်။ ဒီ၂၀၂၀ ခုနှစ်အတွက် ၇၇ ကြိမ်မြောက်ပွဲတော်ကိုလည်း ယခု စက်တင်ဘာလ ၂ရက်နေ့ကနေစပြီးတော့ ၁၂ ရက်နေ့ထိ ၁၁ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲတော်ကြီးကိုတက်ရောက်လာကြတဲ့ ကမ္ဘာကျော်တွေရဲ့ glamour vibe (ပြောင်လက်တောက်ပသောစွဲမက်ဖွယ်ရာရသ) ကို ဖော်ဆောင်တဲ့ ပွဲတက်ဝတ်စုံ ၇စုံရဲ့ အကြောင်းကိုပြောပြပေးသွားပါမယ်။
Cate Blanchett



ပထမဆုံး အနေနဲ့ ပြောပြပေးသွားမှာကတော့ ရုပ်ရှင်ပွဲတော်ရဲ့ ပထမဆုံး ဖွင့်ပွဲနေ့မှာ ဝတ်ဆင်သွားခဲ့တဲ့ Cate Blanchett ရဲ့ အနက်ရောင်ပွဲတက်ဝတ်စုံ ပဲဖြစ်ပါတယ်။ ဒီတောက်ပနေတဲ့ အနက်ရောင်ပေါ်မှာ အဖြူရောင်အနားကွတ်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဝတ်စုံဟာဆိုရင် Esteban Cortazar ရဲ့ နွေဦးရာသီ ၂၀၁၆ collection ကထွက်ရှိခဲ့တာပါ။ သူမဟာဒီ ဝတ်စုံကို ၂၀၁၅ ခုနှစ်က Carol’ London Film Festival Premier မှာ အရင်ဝတ်ခဲ့ဖူးပါတယ်။ သူမရဲ့ မဆိုစလောက်အပေါ်ပိုင်းကြီးတဲ့ ခန္ဓာကိုယ်အ ချိုးအစားနဲ့ လိုက်ဖက်အောင် အဖြူရောင်အနားကွတ်တွေနဲ့ ကစားထားပြီး ရေသူမသဏ္ဍာန် စကဒ်အောက်နားကို ဝတ်ဆင်စေခြင်းနဲ့ အချိုးအစားကျနလှပအောင် သူမရဲ့ ပင်တိုင် stylist Elizabeth Steward က ဆင်ယင်ပေးထားတာပဲဖြစ်ပါတယ်။
Beatrice Valli


Rami Kadi Spring 2020
နောက်တစ်ယောက်ကတော့ အီတလီမင်းသမီး Beatrice Valli ပဲဖြစ်ပါတယ်။ သူမဟာ Rami Kadi ရဲ့ ၂၀၂၀ နွေဦးရာသီ collection ထဲက ပုတီးစေ့တွေနဲ့အလှဆင်ထားပြီး ကြိုးမပါတဲ့ ရင်ပြတ်င်္အကျီကို အမွှေးအတောင်တွေတန်ဆာဆင်ထားတဲ့ အမိုက်စားအဖြူရောင်စကဒ်နဲ့ ဝတ်ဆင်ခဲ့တာပါ။သူမရဲ့ inverted triangle (ပခုံးကျယ်သောခန္ဓာကိုယ်အမျိုးအစား) ကို အပေါ်ပိုင်းဗလာကျင်းထားပြီး အောက်ပိုင်းမှာ အမွှေးအတောင်တွေနဲ့ weight ထပ်ထည့်လိုက်ခြင်းဟာ သူမရဲ့အလှကို ပိုပြီးစွဲမက်ဖွယ်ရာ ကောင်းသွားစေပါတယ်။
Cecilia Rodriguez
နောက်ထပ် glamorous fashion ကိုဖော်ဆောင်တဲ့ တစ်ယောက်ကတော့ အာဂျင်တီးနား မင်းသမီး Cecilia Rodriguez ပဲဖြစ်ပါတယ်။ သူမဝတ်ဆင်လာတဲ့ Maria Lucia Hohan ရဲ့အတွန့်တွေနဲ့ ရွှေရောင်ဝတ်စုံကို Messika ရဲ့ နားကပ်ကပိုပြီးပြီးပြည့်စုံသွားစေသလို ဂါဝန်ရဲ့ အကွဲကြောင့် လမ်းလျှောက်လိုက်တိုင်းပေါ်နေတဲ့ သူမရဲ့ပေါင်တံအလှနဲ့ ကြိုးမျှင်မျှင်လေးက လွဲပြီးဘာမှမပါတဲ့ပခုံးသားတွေက သူမကို အချိုးအစားကျပြီးအင်မတန်လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းသက်သေထူနေပါတယ်။
Eloudie


Atelier Versace
နောက်တစ်ယောက်ကတော့ အီတလီ အဆိုတော် Eloudie ပဲဖြစ်ပါတယ်။ သူမဝတ်ဆင်လာတဲ့ငွေမှင်ရောင်ဝတ်စုံကတော့ ဆောင်းရာသီ ၂၀၂၀ အတွက် Atelier Versace ရဲ့ collection ကို အနည်းငယ်မွမ်းမံပြီးသူမအတွက် Versace ကသီးသန့် ဖန်တီးပေးတာပါ။ တလက်လက်တောက်နေတဲ့ သူမဝတ်စုံရဲ့အသေးစိတ်ဖန်တီးထားတဲ့ off shoulder အနားကွတ်နဲ့ ဒေါက်မြင့်ဖိနပ်မှာစီခြယ်ထားတဲ့ ကျောက်တွေဟာ သဟဇာတဖြစ်ပြီးသူမရဲ့ အလှဟာ glamour vibe ကို ပုံဖော်နေတယ်လို့ ခံစားရစေပါတယ်။
Maya Hawke


Atelier Versace
Atelier Versace ရဲ့ နောက်ထပ်ဝတ်စုံတစ်စုံကတော့ အမေရိကန် မင်းသမီးတစ်ဦးဖြစ်သူ Maya Hawke ဝတ်ဆင်ခဲ့တဲ့ အသားရောင် ပိတ်စပါ်မှာ Swarovski crystal တွေကိုသုံးပြီးရွှေရောင် စီးကွမ့်သဏ္ဍာန်တန်ဆာဆင်ထားတဲ့ ဝတ်စုံပဲဖြစ်ပါတယ်။ စီးကွမ့်တွေကို အသားပေးပြီး glamour vibe ကိုဖော်ဆောင်ထားတဲ့ ဒီ ဝတ်စုံဟာ ရေသူမပုံစံ အောက်နားနဲ့ ဒီဇိုင်းထွင်ထားပြီးတော့ သူမရဲ့ rectangle body shape (လေးထာင့်ဆန်ဆန် ခါးသိသိသာသာမပေါ်လွင်သော ခန္ဓာကိုယ်ပုံစံ) နဲ့ ဘာလက်ဝတ်လက်စားမှဆင်မြန်းစရာမလိုပဲ ပြီးပြည့်စုံလွန်းပါတယ်။
Cristiana Capotondi


Alberta Ferretti 
နောက်ထပ် တစ်ခုကတော့ အီတလီမင်းသမီးတစ်ဦးဖြစ်တဲ့ Cristiana Capotondi ဝတ်ဆင်ခဲ့တဲ့ Alberta Ferretti ရဲ့ နက်ပြာရောင်ဝတ်စုံပဲဖြစ်ပါတယ်။ V ပုံစံလည်ပင်းရယ် ပုတီးစေ့တွေ နဲ့ တဖြတ်ဖြတ်တောက်ပအောင် အသေးစိတ်ဖန်တီးထားတဲ့ ဝတ်စုံ ကို လက်စွပ်တွေအများကြီးရယ် နဲ့ နားကွင်းရယ်လောက်နဲ့ တွဲဖက်လိုက်ခြင်းက inverted triangle body ပိုင်ရှင် သူမကို glamour sexy ရသအပြည့်အဝပေးစေပါတယ်။
Matilde Gioli
နောက်ဆုံးဝတ်စုံကတော့ အီတလီမင်းသမီး Matilde Gioli ဝတ်ဆင်ခဲ့တဲ့ အပြာရောင် dress ပဲဖြစ်ပါတယ်။ rectangle body shape ပိုင်ရှင်သူမဟာ turtle neck(လည်ခွံပါအင်္ကျီလည်ပင်း) ပုံစံရယ် ပခုံးပေါ်မှာ ထပ်ထည့်ထားတဲ့ weight တွေနဲ့ အောက်မှာ bias cut ပုံစံ ကားသွားတဲ့ ဂါဝန်အောက်နားကြောင့် အချိုးအစားကျသွားစေပြီး သူမကို hourglass body shape ( သဲနာရီသဏ္ဍာန်) ထင်ရစေပါတယ်။ အရောင်အသွေးတစ်မျိုးတည်း ကို သုံးထားပြီး ပြိုးပြိုးပြက်ပြက်လက်နေတဲ့ညနေခင်းဝတ်စုံနဲ့ လိုက်ဖက်ညီစွာ jimmy choo ဖိနပ်ကိုဆင်မြန်းထားပါတယ်လုံခြုံလွန်းတဲ့ ဒီဝတ်စုံဟာ သူမကို classic (ဂန္တဝင်)ဆန်တဲ့ glamour vibe ကိုခံစားရစေပါတယ်။
နောက်အပတ်တွေမှာ လည်း Venice ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာတဲ့ celebrity တွေရဲ့ တခြား ဝတ်စုံအမျိုးအစားတွေနဲ့ ပတ်သက်ပြီး ထပ်ပြောပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြပါဦးလို့ ပြောကြားရင်း အဆုံးထိဖတ်ကြ ည့်ပေးတဲ့ စာဖတ်သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်နော်။
by Yawai Htoo Myat








