1960s နောက်ပိုင်းတွင်စတင်ပေါ်ပေါက်ခဲ့သော street dance သည်အမေရိကန်ရှိ ဆင်းရဲနွမ်းပါးသော အခြေခံလူတန်းစားလူမဲများ၏ လူ့ပတ်၀န်းကျင်တွင် စတင်ထွန်းကားခဲ့သည်။ 1970s နောက်ပိုင်းတွင် Street Dance သည် MCing (Rapping), Graffiti, DJ တို့နှင့်အတူ Hip-hop Culture ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ Street dance တွင် Old school style နှင့် New school style ဟူ၍ နှစ်မျိုး ရှိြပီး Old school style တွင် Breaking, Popping , Locking ဟူ၍ အမျိုးအစားများကွဲ၍ ၀တ်စုံစတိုင်များလဲ မတူညီကြပေ။  70s Funky Culture ၏ အစိတ်အပိုင်းတစ်ခုဟုလည်း ဆိုနိုင်ပေသည်။ New school style တွင် Hip-hop Style နှင့် Urban Style ဟူ၍ နှစ်မျိုးရှိပြီး 1980s မှ ယနေ့တိုင် ခေတ်စားနေသော street dance ဖက်ရှင်များဖြစ်သည်။

Old School Style – Looking Dance

1970s တွင်ပထမဆုံး Locking Dancer အဖြစ် Don Campbell ကထင်ပေါ်ကျော်ကြားခဲ့သည်။ Locking Dancer များ၏၀တ်စားဆင်ယင်မှုမှာ gentleman suit or tuxedo , shirt ,  Ribbon tie and bow တို့ကို ဖိနပ်အမြင့်၊ ခြေ အိတ်အရှည်၊ဒူးအထိရှည်သောဘောင်းဘီတို(Turnip shorts) တို့နှင့် တွဲဖက်၀တ်ဆင်ကြသည်။ Huge apple boy hat နှင့်လက်အိတ်အဖြူတို့ကို ၀တ်ဆင်ပြီးလှုပ်ရှားမှု ကိုပိုမို ထင်ပေါ် စေရန် (Black and White contrast color) အဖြူနှင့်အမဲမတူညီသောအရောင်တို့ကို ၀တ်ဆင်ကြသည်။

Old School Style – Popping Dance

Popper များသည် (Formal wear) အဖြူရောင်ရှပ်အင်္ကျီနှင့်ဘောင်းဘီတို့ကို၀တ်ဆင်လေ့ရှိကြပြီး ကန့်သတ် ထားသော ၀တ်စုံ မရှိပေ။ (cool guy)၏ခံစားမှုကိုပေးသည့် အ၀တ်အစားများကို၀တ်ဆင်လေ့ရှိကြသည်။

Old School Style – Breaking Dance

Breaking dancer များ ကို Bboy ဟုလည်း ခေါ် သည်။ လေထဲတွင်ကိုယ်နေကိုယ်ဟန်ကို လှည့်ပတ် ကစားပြီးအမြင်အာရုံကို ပိုမိုဆွဲဆောင်စေနိုင်သော အက တစ်မျိုးဖြစ်သည် ။ Bboy dancer များသည် တစ်မူထူး သော ၀တ်စုံများကို ၀တ်ဆင်တတ်ကြသည်။ Oversize sport wear သို့မဟုတ် ရောင်စုံ၀တ်စုံများ ။ နောက်ပြန် ဝတ် ဘေ့စ်ဘောဦးထုပ်သို့မဟုတ် တံငါသည် ဦး ထုပ်။ ကြီးမားသောရွှေကွင်းဆက်နှင့်ရွှေလက်ပတ်နာရီ။အဝတ်တွင်လိုဂို၊သဘောထားဆောင်ပုဒ်၊ပုံနှိပ်ထားသောပုံစံများ စသည်တို့သည်အရောင်များကိုကွက်ကွက်ကွင်းကွင်းဖော် ပြပေးနေပြီးအမြင်အာရုံကိုဆွဲဆောင်စေသည်။ခေါင်းနှင့် ကြမ်းပြင် ထိတွေ့သောလှုပ်ရှားမှုအချို့ပြုလုပ်ရန် လည်း လိုအပ်သော ကြောင့်အစရှိသော ခန္ဓာကိုယ်ကိုအန္တရာယ်  မှ အကာအကွယ်ပေးနိုင်သော   wrist guards, hats or turbans အစရှိသော ဖက်ရှင်တန်ဆာများကို ၀တ်ဆင်  လေ့ရှိကြသည်။

New School Style – Hip Hop Dance

 Hip-hop dance သည် 1980s နှစ် အနှောင်းပိုင်း နှင1990s နှစ်များ အစော ပိုင်း ကပေါ်ထွက်လာခဲ့သည်။ အကသမားများ က သူတို့နှစ်သက်သလိုဖျော်ဖြေကြပြီးလူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက်အကန့်အသတ်မရှိသောလမ်းပေါ်ကအကများဟုဆိုနိုင်ပါသည်။

Hip-hop dancer များကိုအကောင်းဆုံးဝတ်စားဆင်ယင်နိုင်သော ‘dancer’များဟုခေါ်လေ့ရှိကြသည်။ Oversize အရွယ်အစား၀တ်စုံများက Hip-hop Dance ၏လွတ်လပ်သောစရိုက်နှင့်သဘောထားများကို ပေါ်လွင် နေ စေသည်။ အမျိုးသမီး အကသမားများသည် crop top နှင့် loose pants, Retro jackets နှင့် colorful sneakersတို့ကို၀တ်ဆင်တတ်ကြပြီး sexy and cool girl အသွင်ကိုဖြစ်စေသည်။ Hip-hop style ၏ရသကိုပိုမိုပေါ်လွင်စေရန် နေကာမျက်မှန်၊ ဘေ့စ်ဘောဦး ထုပ်၊ပန်းပွင့်ပဝါ၊ ကပ္ပလီများ၏ခေါင်းတွင်စည်းလေ့ရှိတတ်သောကြတ်ဆံမြှီးများအတိုင်းရစ်ပတ်ချည်နှောင်ခြင်းဖြင့်တန်ဆာဆင်တတ်ကြသည်။

ရွှေ/ငွေ/ကြေးတို့ဖြင့်ပြုလုပ်ထားသော ကွင်းဆက် chain ကြိုးကဲ့သို့ သတ္တုဆက်စပ်ပစ္စည်းများသည်လည်း Hip-hop style အတွက်မရှိမဖြစ်သော ဖက်ရှင် accessories အဆင်တန်ဆာ များပင်ဖြစ်သည်။

New School Style – Urban Dance

Urban Dance သည်အကသက်သက်မဟုတ်ဘဲ Hip-hopကကွက်ကိုမြို့ပြအတွေးဖြင့်သရုပ်ဖော်ခြင်းဖြစ်သည်။ Dancer တစ်ဉီးချင်း၏ Personal Style ကိုအသားပေးသောသရုပ်ဖော်အနုပညာတစ်ရပ်ဖြစ်သည်။ Urban Dancer  များ ၏ဖက်ရှင်စတိုင်သည် ပုံမှန်မရှိဘဲ သရုပ်ဖော်သည့်အတွေးကိုလိုက်၍ ၀တ်ဆင်‌‌လေ့ရှိကြသည်။

ယနေ့ခေတ် Street Dancer အများစုသည်  Urban Style ကို Hip-hop   elements နှင့် ပေါင်းစပ်၍ Top clothing outfit တွင် Hoodies နှင့် sweatshirt , T-  shirt များကို၀တ်ဆင်လာကြပြီး ယနေ့ခေတ်လူငယ်ဖက်ရှင် လောကတွင် ပေါ်ပြူလာ   ဖြစ်လာခဲ့သည် ။1970s Hip-hop ယဉ်ကျေးမှုသမိုင်းတွင် Hoodies ၀တ်စုံသည်Graffiti   Artists များ၏ဖက်ရှင်တစ်မျိုးဟု ဆိုရ ပေမည်။ ထိုစဉ်က Hip-hop ယဉ်ကျေးမှုကို   လူတိုင်းလက်ခံသည့်ခေတ်မဟုတ်သည့်အတွက် Graffiti Artists များသည် Hoodies   ၀တ်စုံ၏သဏ္ဌန်အောက်တွင်ပုန်းလျှိုးကွယ်လျှိုးနှင့်အပြစ်ကျုးလွန်သူများပမာနေထိုင်လာခဲ့ရသည်။  Hip-hop   ယဉ်ကျေးမှုကို ပိုမိုလက်ခံလာသည်နှင့်အမျှHip-hopယဉ်ကျေးမှု၏လွှမ်းမိုးမှုကြောင့်Hoodies ၀တ်စုံကို   ယနေ့ခေတ်လူငယ်များနေ့စဉ်၀တ်၀တ်စုံအဖြစ် သာမက  High street Fashion များတွင်oversize and fit   အသွင်နှစ်မျိုးဖြင့်ပါ၀င်လာခဲ့သည်။

    Street Dancer အများစုသည် Hoodies နှင့် sweatshirt , T-shirt များကို baggy   trousers,Joggers, sweatpants,spandex ,yoga pant,legging,skin-tight jeans,short pant တို့နှင့်တွဲဖက   ၀တ်ဆင်ကြသည်။Street Dancer များအတွက်သင့်လျှော်သောဖိနပ်သည်လည်း အရေးကြီး သော ကန္တတွင်ပါ   ၀င်သည်။ အောက်ခြေတွင်လျှောစီးရန်လွယ်ကူသော Specialist hip-hop shoes , tennis shoes များကို၀တ်   ဆင်ကြသည်။Hip-hop elements များဖြစ်သော chain ကြိုးများနာရီအကြီးစားများကလစ်များ၊   sweatbandsခေါင်းစီးများ၊ Legwarmers နှင့် ဉီးထုတ် ၊ ပု၀ါစသည့် Accessories ဖက်ရှင်တန်ဆာများနှင့်   တွဲဖက်၍၀တ်ဆင်လာကြသည်။ ထို့ကြောင့်Hip-hop street dance style သညနေ့ခေတ ူငယ်များ၏   ဖက်ရှင်စတိုင်ဟုလည်းဆိုနိုင်ပါသည်။

This is Street Dance

ဒီTV program လေးမှာတော့ Street Dance Fashion Menswear Fashion Outfitsတွေကို လေ့လာ တွေ့ရှိရသည့်အပြင် Street Style Trending brands များကိုလည်းသိရှိနိုင်ပါသည်။

by Zar

Comments

Leave a Reply