တစ်နှစ်တစ်ခါခရစ်စမတ်ပွဲတော်ကို ရောက်တော့မယ်ဆိုတော့ ခရစ်စမတ်ရဲ့အငွေ့အသက်ပါတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေကို သတိရလာကြပြီပေါ့နော်။ဒီဇင်ဘာ(၂၅)မှာ ကျရောက်တဲ့ ခရစ်စမတ်ပွဲဟာ လူကြီးလူငယ် နှစ်သက်တဲ့ပျော်ရွှင်ဖွယ်နေ့ရက်တစ်ခုဖြစ်ပြီး ဖက်ရှင်ဒီဇိုင်းတွေကိုလေ့လာနေတဲ့သူတွေကတော့ ဒီအခါသမယရဲ့ Costumes Designs လေးတွေကို ပိုပြီးစိတ်ဝင်စားကြမယ်လို့ထင်မိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဒီပွဲတော်ရက်ကိုရောက်ရင် ခရစ်စမတ်နဲ့ဆက်နွယ်တဲ့ ဒဏ္ဍာရီပုံပြင်တွေထဲက ဇာတ်ကောင်တွေရဲ့ ဝတ်စုံဒီဇိုင်းတွေကိုဝတ်ဆင်ပြီး Cosplay ပါတီပွဲတွေ ကျင်းပကြတာ တွေ့ရပါတယ်။ ရုပ်ရှင် Costumes Designs တွေထဲမှာ Disneyland ရဲ့ဇာတ်ကောင်တွေရဲ့ဝတ်စုံတွေဟာ အထင်ကရတစ်ခုအနေနဲ့ ရပ်တည်နေတာတွေ့ရပါတယ်။

Disneyland ဟာဒဏ္ဍာရီပုံပြင်တွေကို ကာတွန်းအဖြစ်သာမက နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအဖြစ် အသက်သွင်းရိုက်ကူးတင်ဆက်ခဲ့တာ ပရိတ်သတ်များစွာကနှစ်သက်စွာအားပေးကြည့်ရှုခဲ့ကြတာလဲတွေ့ရပါတယ်။ ဒီလိုကာတွန်းတွေကို အသက်သွင်းဖန်တီးထားတဲ့ Disneyland ရဲ့ရုပ်ရှင်တွေထဲက “The Nutcracker and The Four Realms” ဆိုတဲ့ Fairy Tale Fantasy Adventure ဇာတ်ကားလေးထဲက Costumes Designs လေးတေွကို ဖော်ပြပေးချင်ပါတယ်။

ဒီဟောလိဝုဒ်ရုပ်ရှင်လေးကတော့ Christmas Eve ပါတီပွဲလေးတစ်ခုကအစပြုပြီး “Clara” ဆိုတဲ့မိန်းမငယ်လေးတစ်ယောက်က ကွယ်လွန်သူမိခင်ရဲ့ ခရစ်မတ်လက်ဆောင် “Nutcracker” လေးကို ဖွင့်ဖို့ ထူးခြားတဲ့မှော်သော့လေးကိုလိုအပ်နေတုန်း ရွှေရောင်ချည်ကြိုးတန်းလေးက ဒီမှော်သော့လေးဆီသွားဖို့လမ်းညွှန်ပေးခဲ့ပေမယ့် အခြားကမ္ဘာထဲမှာအံ့ဩဖွယ်ပျောက်ဆုံးသွားခဲ့တယ်။ ဒီကမ္ဘာ “PhiliMariap” ဆိုတဲ့ စစ်သားလေးတစ်ဦးက“Land of Sweets”ရဲ့သခင်မ “Sugar Pulm Fairy” , “Land of Snowflakes”ရဲ့သခင် “Shiver” , “Land of Flowers”ရဲ့သခင် “Hawthorne” တို့ဆီခေါ်ဆောင်သွားခဲ့ရာ မိခင် “Marie” ဟာ စတုထ္တဘုံကမ္ဘာ “Land of Amusements” ရဲ့ဘုရင်မတစ်ဦးဖြစ်ကြောင်းသိလာရတယ်။ မင်းသမီးလေး “Clara” ဟာ မိခင်ရဲ့စတုတ္ထကမ္ဘာကိုသိမ်းပိုက်ထားတဲ့ “Mother Ginger” ကို တော်လှန်နိုင်ဖို့အတွက် ဘုံကမ္ဘာသုံးခုရဲ့သခင်တွေရဲ့အကူအညီနဲ့ အဓိကကျတဲ့မှော်သော့လေးကို ပြန်လည်ရယူနိုင်ခဲ့တယ်။ နောက်ဆုံးမှာ “Land of Amusements” ရဲ့ဘုံသားတွေကို ပြန်လည်အသက်သွင်း နိုင်ခဲ့ပြီး “Mother Ginger” ကို အရုပ်တစ်ရုပ်အဖြစ်ပြန်လည်ပြောင်းလဲခဲ့တယ်။ ကမ္ဘာဘုံလေးခုငြိမ်းချမ်းပြီးနောက် မင်းသမီးလေး “Clara” ဟာ “London” မြို့သို့ပြန်လာခဲ့တယ်။ မိခင်ရဲ့ ခရစ်စမတ်လက်ဆောင် “Nutcracker Music Box” လေးကိုဖွင့်ရင်း Christmas Eve ပါတီပွဲလေးမှာ ဖခင်နဲ့အတူတွဲဖက်ကခုန်လိုက်တယ်။ တကယ်တော့ ဒီ “Music Box” ထဲကသီချင်းလေးဟာ “Clara” မိဘနှစ်ပါးရဲ့ ပထမဆုံး အတူတွဲဖက် ကခုန်ခဲ့စဉ်ကတေးသွားလေးပဲဖြစ်နေကြောင်းသိလိုက်ရတယ်။
  ဒီရုပ်ရှင်လေးဟာ E. T. A. Hoffmann ရေးသားတဲ့ “The Nutcracker and the Mouse King” နဲ့ Marius Petipa ရေးသားတဲ့ “The Nutcracker” ပုံပြင် တို့ကိုအခြေခံပြီး “Ashleigh Powell” ရဲ့ဇာတ်ညွှန်းအရ ဒါရိုက်တာ“Lasse Hallström” နဲ့ “Joe Johnston” တို့ကရိုက်ကူးခဲ့တာဖြစ်တယ်။  “Walt Disney Studios Motion Pictures” က “Reframe Stamp Award” ကိုဆွတ်ခူးခဲ့ပါတယ်။ Costumes Designs တွေရဲ့ဒီဇိုင်နာကတော့ “Best Costumes Designs Oscar” ဆုရှင် “Jenny Beavan” ကဖန်တီးခဲ့တာဖြစ်ပြီး “CDG Award” မှာ (Nominated) နာမည်ပေးခံခဲ့ရပါတယ်။ “Jenny Beavan” က ဒီရုပ်ရှင်လေးထဲမှာ ဒီဇိုင်းအမျိုးအစားပေါင်း (၁၅၀)ကိုဖန်တီးခဲ့တာဖြစ်ပြီး Costumes Designs (၁၀)မျိုးကို ရှုစားလိုက်ကြရအောင်နော်။
  Merry Christmas ……… ခရစ်စမတ်မှာပျော်ရွှင်ကြပါစေ………

By ZAR

References:

https://en.wikipedia.org/wiki/The_Nutcracker_and_the_Four_Realms

https://hollywoodmoviecostumesandprops.blogspot.com/2020/07/

https://celebratewomantoday.com/download-free-disney-nutcracker-posters/

https://youtu.be/yGkfS9MXzWc

Comments

Leave a Reply