5 Trendy Jeans in 2020 & How to wear it

ဒီနှစ်ရဲ့ ဖက်ရှင် trend တွေအကြောင်း ပြောကြမယ်ဆိုရင် ဂျင်းဘောင်းဘီတွေ အကြောင်းကိုလဲ ချန်ထားခဲ့လို့ မရပြန်ပါဘူး။ Skinny jeans တွေလို ကိုယ်ကျပ် ဂျင်းတွေကနေ Boot cut, flare jeans တို့လို retro- inspired (ခေတ်ကျော့ပြန်) စတိုင်တွေ အထိကို သိသိသာသာ ပြောင်းလဲလာတဲ့ ဂျင်းဘောင်းဘီ ဒီဇိုင်းတွေဟာ အံ့ဩစရာပါပဲ။ စတိုင်ကျဖို့အတွက် ရေပန်းစားတဲ့ ဒီဇိုင်းတွေ ဝတ်ဆင်နေရုံနဲ့ မပြီးသေးဘဲ ကိုယ်နဲ့ ဘယ်လို လိုက်ဖက်အောင် ဝတ်ဆင်ရမလဲ ဆိုတဲ့ အချက်ကလဲ အလွန် အရေးကြီးလှပါတယ်။ အဲဒါကြောင့် ဒီနေ့မှာတော့ ၂၀၂၀ ရဲ့ ရေပန်းအစားဆုံး ဂျင်ဘောင်းဘီ အမျိုးအစာ (5) ခု အကြောင်းနဲ့ သူတို့ကို ဘယ်လို တွဲဖက် ဝတ်ဆင်ရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြ ပေးသွားမှာပဲ ဖြစ်ပါတယ်။

1.Wide- legged Jeans

70ပြည့်နှစ်ရဲ့ စတိုင်တွေ ဖြစ်တဲ့ high-waisted (ခါးအမြင့်) ၊ wide leg (ခြေအောက် အကား) ဂျင်းဘောင်းဘီတွေဟာ တစ်ဖန်ပြန်ပြီး ရေပန်းစားလာခဲ့ပါတယ်။ ဒီလို ဘောင်းဘီရဲ့ ခြေထောက် အောက်ဘက်အထိ ကားသွားတဲ့ ဂျင်းဘောင်းဘီတွေဟာ သင့်ကို အရပ်ပိုရှည်စေသလို လုပ်ပေးနိုင်ပြီး Pear Body-shape ( ရင်ထက် တင်ကြီးသော ခန္ဓာကိုယ်) တွေအတွက် အလိုက်ဖက်ဆုံး ဂျင်းဘောင်းဘီ အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ T-shirt အဖြူရောင် ၊ သိုမွေးဆွယ်တာ ဒါမှမဟုတ် ကုတ်အင်္ကျီ လေးတွေနဲ့ တွဲဖက်ပြီး classic chic -style မျိုး ဝတ်ဆင်နိုင်သလို ပွင့်ရိုက် ငrop top ၊ off-shoulder အင်္ကျီလေးတွေနဲ့ တွဲဖက်ပြီး cute & girly စတိုင်မျိုး ဝတ်ဆင်နိုင်ပါသေးတယ်။

2.Bootcut Jeans

Bootcut jeans လိုခေါ်တဲ့ ဒူးနေရာနားမှာ မသိမသာလေး သိမ်သွားတဲ့ ဂျင်းဘောင်းဘီတွေဟာလဲ တစ်ဖန်ပြန်ပြီး ခေတ်စားလာပြန်ပါတယ်။ ခေါင်းလောင်ဘောင်းဘီ( Bell-bottomed jeans) တွေနဲ့ တော်တော်လေး ဆင်ပြီး ကွာခြားချက်ကို ပြောရမယ်ဆိုတော့ Bootcut က ဒူးနေရာနားကနေ ပြေပြေလေ ကားရုံပဲ ကားပေမယ့် Bell-bottomed/ flare jeans ကတော့ လုံးဝကို ကားထွက်သွားတာမျိုးပါ။ ခန္ဓာကိုယ် အမျိုးအစား တော်တော်များများနဲ့ကို လိုက်ဖက်နိုင်ပြီး စတိုင်အကျဆုံး ဂျင်းဘောင်ဘီ အမျိုးအစား တစ်ခုပါပဲ။ ရှပ်အင်္ကျီ၊ T-shirt ၊ crop top တို့နဲ့ပါ တွဲဖက် ဝတ်ဆင်နိုင်ပြီး cross body -bags( ကိုယ်သိုင်းလွယ်တဲ့ အိတ်) တွေနဲ့ အလိုက်ဖက်ဆုံး ဂျင်းဘောင်းဘီပဲ ဖြစ်ပါတယ်။ Ankle boots ၊ လည်သာ ဂျက်ကတ်တို့နဲ့ တွဲဖက်ပြီး urban street style ဆန်ဆန်လဲ မိမိုက်နိုင်ပါသေးတယ်။

3. Loose Jeans

ပျော့ခွေပြီး လျော့တိလျော့ရဲ ဖြစ်နေတဲ့ Loose jeans/ Baggy jeans တွေဟာ ဒီနှစ် ဖက်ရှင် runway တွေမှာ နေရာယူလို့ ထားပြန်ပါတယ်။ oversized လို ပွပွယောင်ယောင်နဲ့ street style ဆန်ဆန် ဝတ်ရတာကို ကြိုက်နှစ်သက်သူအတွက် အသင့်တော်ဆုံး ဂျင်းဘောင်းဘီပဲ ဖြစ်ပါတယ်။ Inverted triangle body shape (အပေါ် ပခုံးကျယ်တဲ့ ခန္ဓာကိုယ်) တွေအတွက် အလိုက်ဖက်ဆုံး ဂျင်းတစ်ခုလဲ ဖြစ်ပါတယ်။ Bralette တို့အပေါ်မှာမှ oversized ဂျက်ကတ်၊ ဆွယ်တာတွေနဲ့လဲ တွဲဖက်ပြီး swag & cool street style မျိုး ဝတ်ဆင်လို့ ရပါသေးတယ်။

4. 80s Tapered jeans

Tapered jeans လို့ခေါ်တဲ့ ဂျင်းအမျိုးအစားကတော့ skinny jeans (ကိုယ်ကျပ် ဂျင်း) နဲ့ straight jeans ( တဖြောင့်တည်း ပုံစံ) တို့ရဲ့ ကြားထဲက တစ်ခုလို့ ပြောရမှာပါပဲ။ ပေါင်နားကနေ စပြီး ခန္ဓာကိုယ် ပုံစံအတိုင်းအောက်ဖက်ကို သိမ်သွား ပေမယ့် skinny jeans လို အသားနဲ့ ကွက်တိ ဖြစ်မနေတာကြောင့် ဝတ်ရတာ သက်သောင့်သက်သာ ရှိစေပါတယ်။ အဲဒီထဲကမှ 80s tapered Jeans တွေကတော့ ဒီနှစ်ရဲ့ အကြီးမားဆုံး ဂျင်း trend တစ်ခုပါပဲ။ ခါးနားမှာ pleated လုပ်ထားတဲ့ tapered Jeans လေးတွေကိုတော့ oversized တီရှပ် ၊ ရှပ်အင်္ကျီတို့ကို ခါးပတ်လေးနဲ့ တွဲဖက်ပြီး casual outfit စတိုင်မျိုးနဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်ကျနိုင်ပါတယ်။

5. Ivory Huges

နောက်ဆုံး ဂျင်း အမျိုးအစားကတော့ Ivory Hues လို့ တင်စားထားတဲ့ အဖြူရောင် ဂျင်းဘောင်းဘီပဲ ဖြစ်ပါတယ်။ အခုလို Emily in Paris ဆိုတဲ့ ကားလေးကြောင့် Parisian စတိုင်မျိုး ဝတ်ချင်တဲ့ သူလေး အတွက် ဒီ ဂျင်းလေးကို အသားရောင်၊ မီးခိုရောင်တို့လို neutral အရောင် အင်္ကျီလေးတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်နိုင်ပါတယ်။ ရှပ်အင်္ကျီ၊ ankle boots တို့ကို Monochromatic color scheme (ဝတ်စုံ တစ်ခုလုံး အရောင် တစ်ခုထဲသာ အသုံးပြုတဲ့ နည်းလမ်း) အတိုင်း အကုန် အဖြူရောင်နဲ့ပဲ တွဲဖက်ပြီးလဲ ရိုးရှင်းတဲ့ chic စတိုင်မျိုးကိုလဲ လွယ်လွယ်ကူကူ ဝတ်ဆင်နိုင်ပါသေးတယ်။

အခုဆိုရင် ၂၀၂၀ ရဲ့ ရေပန်းအစားဆုံး ဂျင်ဘောင်းဘီ (၅) ခုလုံးကို ဘယ်လို တွဲဖက် ဝတ်ဆင်ပေးရမလဲ ဆိုတာလေးကို ပြောပြပေးပြီး သွားပြီး ဆိုတော့ အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ထပ် နောက်ထပ်လဲ ကောင်မွန်တဲ့ Styling tips လေးတွေနဲ့ ပြန်လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

by Yamin Inzali

References

https://www.whowhatwear.com/fall-jean-trends/slide28

http://ladyfashioniser.com/bootcut-jeans/

https://www.whowhatwear.com/how-to-style-white-jeans/slide2

Don’t miss a moment. 💌

Subscribe for insider updates, designer spotlights, and curated inspiration. 🗝️

We don’t spam! Read our privacy policy for more info.

1 Comment

  1. Read reviews and was a little hesitant since I had already inputted my order. nor but thank god, I had no issues. similar to the reduction received item in a timely matter, they are in new condition. you ultimately choose so happy I made the purchase. Will be definitely be purchasing again.
    authentic louis vuitton outlet https://www.louisvuittonsoutletonline.com/

Leave a Comment

Your email address will not be published. Required fields are marked *