ဒီနေ့မှာတော့ လက်ရှိမြန်မာက K-Drama ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ “The Penthouse; War in Life” ကားလေးထဲက မင်းသမီး Kim So Yeon ရဲ့ Outfits လေးတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကတော့ အလွန့်အလွန် ကျိကျိတက် ချမ်းသားတဲ့ မိသားစုတွေ အချင်းချင်း ဂုဏ်ပြိုင်ကြတဲ့ အကြောင်းကို ဦးတည်ပြီး ရိုက်ကူးထားပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုင် Kim So Yeon ဟာ အောင်မြင်တဲ့ တေးကြီးဂီတအဆိုတော်တစ်ဦး အဖြစ်သရုပ်ဆောင်ထားပါတယ်။ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာခဲ့ပြီး မောက်မာပြီး အနိုင်ယူလိုမှုပြင်းတဲ့ စိတ်မျိုးရှိတဲ့ သူတစ်ယောက်အဖြစ် ပီပြင်အောင် သရုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ အဲဒီလိုမျိုး ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေအပြင် ဆွဲဆောင်မှုရှိတဲ့ Body-con Dressတွေကို လှပတဲ့ နားက်အကြီးကြီးတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်လိုက်တဲ့ အခါမှာတော့ Glamorous-Sexy စတိုင်ကို အပြည့်အဝပေးစွမ်းနိုင်ကာ ကာရိုက်တာကို ပိုမို ရုပ်လုံးကြွစေခဲ့ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာတော့ The Penthouse ဒရာမာလေးထဲက မင်းသမီး Kim So Yeon ရဲ့ Fashion Look-Book လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

ဒီနေ့ တင်ဆက်ပေးတဲ့ The Penthouse ; War in Life ဒရာမာလေးထဲက မင်းသမီး Kim So Yeon ရဲ့ Fashion Look-Book လေးကို အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ Look-book လေးတွေနဲ့ လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။

References

https://www.instagram.com/kdrama_fashion/?hl=en
https://www.instagram.com/toffeexo__/?hl=en

Don’t miss a moment. 💌

Subscribe for insider updates, designer spotlights, and curated inspiration. 🗝️

We don’t spam! Read our privacy policy for more info.

Leave a Reply