Showing 31 Result(s)

Mini skirt နဲ့ အမျိုးသမီး အခွင့်အရေး

Mini skirt နဲ့ အမျိုးသမီးအခွင့်အရေးလို့ ခေါင်းစဉ်တည်ပြီဆိုရင် ကျမတို့ mini skirt ဆိုတာကိုအရင်ဆုံးရှင်းပြဖို့ လိုလိမ့်မယ်ထင်ပါတယ်။ အရှည်ပေါင်လယ်လောက်သာရှိတဲ့ တိုနံ့နံ့ စကဒ်အမျိုးအစားကို mini skirt လို့ခေါ်ပါတယ်။ ယနေ့ခေတ်ကမ္ဘာကြီးဟာ ခေတ်မီတိုးတက်သလောက် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်သလောက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမျိုးသမီးတွေဟာ သိပ်ကို ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။ ယခုလို ၂၁ ရာစုမှာ အမျိုးသားတွေနဲ့ တန်းတူရည်တူ အခွင့်အရေးရဖို့ မိမိတို့ ကြိုက်နှစ်သက်တဲ့ အဝတ်အစား အသုံးအဆောင် အလုပ်အကိုင် နေထိုင်မှုပုံစံ စတဲ့ အရာတွေအပေါ်မှာ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းရဲ့ ပညတ်ချက်တွေကနေ လွတ်လပ်စွာ တွေးခေါ်လုပ်ကိုင်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀ ရာစုနှစ် တစ်ခုလုံး ကြိုးပမ်းလာခဲ့ကြရတယ် …

Johannes Warnke “Windows of Perception” collection

တခြားကမ္ဘာဆန်တဲ့ ဖက်ရှင်ဒီဇိုင်းလက်ရာတွေကို မြင်ဖူးကြမယ် ထင်တယ်။ တစ်ခါတစ်ရံမှာ အဲဒီလက်ရာတွေက လက်ရာမြောက်လွန်းလို့ လွယ်လွယ်ကူကူ သူရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ခဲယဉ်းတဲ့ အခါတွေရှိတယ်။ ဒါပေမဲ့လဲ သူ့ ဒီဇိုင်းရဲ့ ဖော်ညွှန်းမှု ရသတွေကိုတော့ ခံစားနိုင်လိမ့်မယ်။ ဒီနေ့မှာတော့ အဲလို လက်ရာမျိုး Collection တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ German ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Johannes Warnke ရဲ့ “ Windows of Perception “ collection လေးပဲ ဖြစ်ပါတယ်။ Lady Gaga ရဲ့ ထူခြားကောင်းမွန်လှတဲ့ “911” music video ကို ကြည့်ဖူးရင်တော့ သူရဲ့ …

Art And Fashion Crossover in DIOR LADY ART (Part 2)

 စာဖတ်သူများအားလုံးပဲမင်္ဂလာပါရှင်… အရင်အပတ်က Christian Dior ရဲ့ Lady Dior bag လေးဟာ Timeless Accessory တစ်ခုအနေနဲ့ ဖက်ရှင်လောကမှာ ဘယ်လို ထင်ရှားလာခဲ့တယ်ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီအပတ်မှာတော့ Creative Director Maria Grazia Chiuri ဦးဆောင်တဲ့ Artistic Team က Fashion House ရဲ့အမွေအနှစ် Lady Dior Bag ရဲ့ Haute Couture အနှစ်သာရကို Artistic Version ကနေ Fashion Design အသွင် ဘယ်လိုအနုပညာလက်ရာတွေနဲ့ ပြန်လည်စိတ်ကူးပြီးဆန်းသစ်အောင်ပုံဖော်လာကြတာလဲဆိုတာတွေကိုဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။ First Dior Lady Art Collection လေးကိုတော့ …

Art And Fashion Crossover in DIOR LADY ART (Part 1)

စာဖတ်သူများအားလုံးပဲမင်္ဂလာပါရှင်…  အခုဆိုရင် ၂၁ရာရာစုရဲ့ တတိယမီလန်းနီယန်းဖြစ်တဲ့ ၂၁နှစ်မြောက်ကိုရောက်ရှိလာပါပြီ။ ယနေ့ဖက်ရှင်လောကမှာ Retro Fashionတွေ ခေတ်စားနေတာ အများအသိပါ။ ကဏ္ဍအသီးသီးရဲ့ ပညာရှင်တွေဟာ ယခင်သက္ကရာဇ်တွေမှာ ခေတ်စားခဲ့တဲ့ Fashion တွေကို Recreation အနေနဲ့ ပြန်လည်ဆန်းသစ်တဲ့ ဖန်တီးမှုတွေကို ပြုလုပ်လာကြပါတယ်။ ဒီထဲမှာပန်းချီအနုပညာရှင်တွေ ၊ ဖက်ရှင်ပညာရှင်တွေ ထိပ်ဆုံးက ပါဝင်နေတာ တွေ့ရပါတယ်။ သူတို့ဟာ သီးခြားကဏ္ဍတွေမှာတင် Recreation ပြုလုပ်နေတာ မဟုတ်ပါဘူး။ အနုပညာနဲ့ဆက်နွယ်နေတဲ့ ကဏ္ဍအသီးသီးရဲ့ပညာရှင်တွေ ပူးပေါင်းပြီး အစဉ်အဆက်က ဂန္တဝင်မြောက်ပညာတွေကို ဆန်းသစ်တဲ့နည်းပညာတွေနဲ့ ပြန်လည်ထိန်သိမ်းနေကြတာ တွေ့ရပါတယ်။ ဒီလိုခေတ်အဆက်ဆက်က အမွေအနှစ်ကို ပြင်သစ်ဖက်ရှင် Luxury Brand တစ်ခုဖြစ်တဲ့ Christian Dior က ဘယ်လိုထိန်သိမ်းခဲ့တယ်ဆိုတာကို …

“The Dancing Kid” Celine Homme’s SS/21 Menswear Collection

 အနုပညာနဲ့ဖက်ရှင်လောကမှာ ဆန်းသစ်တဲ့ဖန်တီးမှုတိုင်းဟာ လူတိုင်းလက်ခံနိုင်တဲ့အရာတွေဖြစ်မလာနိုင်ပေမယ့် Generation Z ရဲ့ Youth Culture မှာတော့ ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ ပြည့်နှက်လာတာ တွေ့ရပါတယ်။ ယနေ့လူငယ်တွေဟာ အင်တာနက်လောကရဲ့ လွှမ်းမိုးမှုနဲ့အတူ ဆိုရှယ်မီဒီယာတွေပေါ်မှာ ခေတ်မီတဲ့အတွေးအမျိုးမျိုးနဲ့ ကိုယ်ပိုင်ဟန်တွေကို ဖန်တီးတင်ဆက်လာကြပါတယ်။ Luxury Brand တစ်ခုဖြစ်တဲ့ CELINE HOMME ရဲ့ ဒီဇိုင်နာ Hedi Slimane က ယနေ့ခေတ်မှာ Dance Party တွေဟာ အင်တာနက်ကွန်ယက်ပေါ်သို့ ရောက်လာနေပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ SS/21 Menswear Collection ကို လူငယ်တွေကြိုက်နှစ်သက်တဲ့ “Tik Tok” , “YouTube “ , “Instagram” ,”Facebook” …

Ganit Goldstein ; Designer of Craft, Technology, Fashion & 3D Printing

ဖက်ရှင် ဒီဇိုင်နာ Ganit Goldstein ဟာ ဆိုရင်တော့ လက်မှုပညာနဲ့ နည်းပညာရဲ့ ပေါင်းစည်းမှုကြားက နယ်ပယ်ရပ်လေး အကြောင်းတွေကို စူးစမ်းလေ့လာမှုကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမဟာ လက်ဝတ်ရတနာနဲ့ ဖက်ရှင်ပညာရပ်တွေကို သင်ယူခဲ့ပြီး “Bezalel Academy of Arts and Design” Jerusalem, Israel ကနေ Excellence Award ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ အထည်အလိပ်၊ဖိနပ်နဲ့ ဖက်ရှင် လုပ်ငန်းတွေမှာ 3D Printings ဒီဇိုင်းတွေကို ပေါင်းစပ်ဖို့ နည်းလမ်းအသစ်တွေကိုလဲ ရှာဖွေ စူးစမ်းလျက် ရှိပါတယ်။ဂျပန်က “IKAT“ ရက်ကန်းနည်းပညာမှ တစ်ဆင့် ဖန််တီးခဲ့တဲ့ သူမရဲ့ Collection “Between …

Why You need to Study Fashion History And How

ပညာရပ် တစ်ခုကို လေ့လာတော့မယ်ဆိုရင် ထိုပညာရပ်နဲ့ ပတ်သတ်တဲ့ အသိပညာ ဗဟုသုတနဲ့ သမိုင်းကြောင်းတွေကို သိထားသင့်ပါတယ်။ ဥပမာ ရုပ်ရှင်ပညာကို လေ့လာတော့မယ်ဆို ရုပ်ရှင်ပညာရဲ့ ဗဟုသုတနဲ့ သမိုင်းကြောင်းတွေကို အရင် လေ့လာထားရပါမယ်။ ထို့အတူ ဖက်ရှင်ပညာရပ်ပိုင်းကို လေ့လာရာမှာလဲ အတူတူပါပဲ။ ဖက်ရှင်ရဲ့ သမိုင်းကြောင်းကို လေ့လာထားမှ ဖက်ရှင်ဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့ပြီး ယခုအချိန်အထိ ခေတ်အဆက်ဆက်ရဲ့ လူနေမှု ဘဝတွေမှာ ဘယ်လို ပါဝင်ပတ်သတ်နေလဲ ဆိုတာကို သိရှိနိုင်မှာပါ။ ဒါ့အပြင် နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာတွေရဲ့ အကြောင်းတွေ ၊သူတို့ ဘယ်လို Inspire ယူပြီး ဘယ်လို ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ အကြောင်းတွေ နဲ့ ဘာတွေကြောင့် သူတို့ဟာ …