Showing 8 Result(s)

Art And Fashion Crossover in DIOR LADY ART (Part 1)

စာဖတ်သူများအားလုံးပဲမင်္ဂလာပါရှင်…  အခုဆိုရင် ၂၁ရာရာစုရဲ့ တတိယမီလန်းနီယန်းဖြစ်တဲ့ ၂၁နှစ်မြောက်ကိုရောက်ရှိလာပါပြီ။ ယနေ့ဖက်ရှင်လောကမှာ Retro Fashionတွေ ခေတ်စားနေတာ အများအသိပါ။ ကဏ္ဍအသီးသီးရဲ့ ပညာရှင်တွေဟာ ယခင်သက္ကရာဇ်တွေမှာ ခေတ်စားခဲ့တဲ့ Fashion တွေကို Recreation အနေနဲ့ ပြန်လည်ဆန်းသစ်တဲ့ ဖန်တီးမှုတွေကို ပြုလုပ်လာကြပါတယ်။ ဒီထဲမှာပန်းချီအနုပညာရှင်တွေ ၊ ဖက်ရှင်ပညာရှင်တွေ ထိပ်ဆုံးက ပါဝင်နေတာ တွေ့ရပါတယ်။ သူတို့ဟာ သီးခြားကဏ္ဍတွေမှာတင် Recreation ပြုလုပ်နေတာ မဟုတ်ပါဘူး။ အနုပညာနဲ့ဆက်နွယ်နေတဲ့ ကဏ္ဍအသီးသီးရဲ့ပညာရှင်တွေ ပူးပေါင်းပြီး အစဉ်အဆက်က ဂန္တဝင်မြောက်ပညာတွေကို ဆန်းသစ်တဲ့နည်းပညာတွေနဲ့ ပြန်လည်ထိန်သိမ်းနေကြတာ တွေ့ရပါတယ်။ ဒီလိုခေတ်အဆက်ဆက်က အမွေအနှစ်ကို ပြင်သစ်ဖက်ရှင် Luxury Brand တစ်ခုဖြစ်တဲ့ Christian Dior က ဘယ်လိုထိန်သိမ်းခဲ့တယ်ဆိုတာကို …

“The Dancing Kid” Celine Homme’s SS/21 Menswear Collection

 အနုပညာနဲ့ဖက်ရှင်လောကမှာ ဆန်းသစ်တဲ့ဖန်တီးမှုတိုင်းဟာ လူတိုင်းလက်ခံနိုင်တဲ့အရာတွေဖြစ်မလာနိုင်ပေမယ့် Generation Z ရဲ့ Youth Culture မှာတော့ ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ ပြည့်နှက်လာတာ တွေ့ရပါတယ်။ ယနေ့လူငယ်တွေဟာ အင်တာနက်လောကရဲ့ လွှမ်းမိုးမှုနဲ့အတူ ဆိုရှယ်မီဒီယာတွေပေါ်မှာ ခေတ်မီတဲ့အတွေးအမျိုးမျိုးနဲ့ ကိုယ်ပိုင်ဟန်တွေကို ဖန်တီးတင်ဆက်လာကြပါတယ်။ Luxury Brand တစ်ခုဖြစ်တဲ့ CELINE HOMME ရဲ့ ဒီဇိုင်နာ Hedi Slimane က ယနေ့ခေတ်မှာ Dance Party တွေဟာ အင်တာနက်ကွန်ယက်ပေါ်သို့ ရောက်လာနေပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ SS/21 Menswear Collection ကို လူငယ်တွေကြိုက်နှစ်သက်တဲ့ “Tik Tok” , “YouTube “ , “Instagram” ,”Facebook” …

Why You need to Study Fashion History And How

ပညာရပ် တစ်ခုကို လေ့လာတော့မယ်ဆိုရင် ထိုပညာရပ်နဲ့ ပတ်သတ်တဲ့ အသိပညာ ဗဟုသုတနဲ့ သမိုင်းကြောင်းတွေကို သိထားသင့်ပါတယ်။ ဥပမာ ရုပ်ရှင်ပညာကို လေ့လာတော့မယ်ဆို ရုပ်ရှင်ပညာရဲ့ ဗဟုသုတနဲ့ သမိုင်းကြောင်းတွေကို အရင် လေ့လာထားရပါမယ်။ ထို့အတူ ဖက်ရှင်ပညာရပ်ပိုင်းကို လေ့လာရာမှာလဲ အတူတူပါပဲ။ ဖက်ရှင်ရဲ့ သမိုင်းကြောင်းကို လေ့လာထားမှ ဖက်ရှင်ဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့ပြီး ယခုအချိန်အထိ ခေတ်အဆက်ဆက်ရဲ့ လူနေမှု ဘဝတွေမှာ ဘယ်လို ပါဝင်ပတ်သတ်နေလဲ ဆိုတာကို သိရှိနိုင်မှာပါ။ ဒါ့အပြင် နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာတွေရဲ့ အကြောင်းတွေ ၊သူတို့ ဘယ်လို Inspire ယူပြီး ဘယ်လို ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ အကြောင်းတွေ နဲ့ ဘာတွေကြောင့် သူတို့ဟာ …

Nike Flyleather: Nike Presented Some of its Most Sustainable Products Ever

အခုခေတ်မှာ လူတော်တော်များများဟာ ကျန်းမာရေးအတွက် အားကစားနဲ့ပတ်သက်တဲ့ လိုက်စားမှုတွေကို ပြုလုပ်လာကြတာ တွေ့လာရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ GYM တွေအမြောက်အမြားပေါ်လာတာကတော့ သက်သေတစ်ခုပါပဲ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ အားကစားလိုက်စားကြတဲ့ လူ့ပတ်ဝန်းကျင်က အနုပညာရှင်တွေ ၊ Micheal Jordan လို sport star တွေ ၊ နာမည်ကြီးမော်ဒယ်လ်တွေ ၊ ဖက်ရှင် iconic ဆယ်လီတွေ ရဲ့လွှမ်းမိုးမှုကြောင့် casual wear fashion style တွေမှာလဲ အားကစားစတိုင် ဝတ်ဆင်မှုတွေ ဟာ၂၁ရာစုရဲ့ Trend တစ်ခုအဖြစ် ခေတ်စားနေပါတယ်။ ကျောင်းတက်မလား ၊ ရုံးသွားမလား ၊ အလည်အပတ်သွားမလား ၊ အားကစားလုပ်ကြမလား …  အခုခေတ်မှာဆိုရင် အားကစားဖိနပ်တွေ …

Dior အင်္ကျီတွေကို canvas အဖြစ်အသုံး ပြုခဲ့တဲ့ Estelle Tcha

“Fashion သည် အနုပညာတစ်မျိုးဖြစ်သည်” လို့ပြောရင် ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ ဒါဆို ကမ္ဘာကျော် designer Christian Dior ရဲ့သက္ကရာဇ်ဟောင်းတွေက ဂန္တဝင်အင်္ကျီတွေဟာလည်း ပန်းချီဆွဲတဲ့ canvas ဖြစ်လာနိုင်မလား။ ဟုတ်ကဲ့ စိတ်ကူးတဲ့ အတိုင်းဖန်တီးနိုင်တဲ့ ယနေ့ခေတ်ကမ္ဘာကြီး မှာ Fashion နဲ့  (art) အနုပညာသည် တစ်သားတည်းကျတယ်ဆိုတာ ကိုသက်သေပြလိုက်သူတစ်ဦးကတော့ American based artist “Estelle Tcha” ပဲဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာတစ်ဖြစ်လည်းပန်းချီဆရာ သူမဟာ သူမရဲ့ “Eee’” လို့ အမည်ရတဲ့ ကိုယ်ပိုင် brand အတွက်  Dior ရဲ့ ရှေးဟောင်း အပေါ်ဝတ်ကုတ်အင်္ကျီ တွေပေါ်မှာ ပန်းချီရေးဆွဲပြီးထူးခြားတဲ့ အင်္ကျီတွေကို တင်ဆက်ခဲ့ပါတယ်။  Dior …

MOSCHINO: PUT ON A PUPPET SHOW (Spring Summer 2021)

Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) ကနွေဦးရာသီဒစ်ဂျစ်တယ်ဖက်ရှင်ပြပွဲမှာ ဆန်းသစ်တီထွင်မှုတစ်ခုကို ပြောင်းလဲခဲ့ပါတယ်။ အဓိကအချက်ကတော့ ဒီနှစ်အတွင်းမှာ cov-19 ကပ်ရောဂါကြောင့်လူစုလူဝေးမလုပ်နိုင်တာပါဘဲ။ ဒါကြောင့် နွေဦးရာသီရဲ့ဖက်ရှင်ပြပွဲကို ရုပ်သေးကြိုးဆွဲဖက်ရှင်ပြပွဲလေးအဖြစ် ဖန်တီးတင်ဆက်လိုက်ပါတယ်။ အရုပ်ကလေးများရဲ့ စိတ်ကူးယဉ်ကမ္ဘာနဲ့ Haute Couture Fashion ရဲ့ဂန္တဝင်မြောက်သော ဖက်ရှင်အနုပညာဖန်တီးမှုတို့ကို ပေါင်းစပ်ပြီး ဖက်ရှင်ကမ္ဘာ အသေးစားလေးကို ခံစားနိုင်အောင်ဖန်တီးထားပါတယ်လို့  “Scott”  ကဆိုခဲ့ပါတယ်။ ဒီစိတ်ကူးလေးကိုတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ပြင်သစ်ဒီဇိုင်နာများစတင်ဖန်တီးခဲ့တဲ့ “Théâtre de la Mode”ဆိုတဲ့ နေရာအနှံ့လှည့်လည်ပြသတဲ့ အရုပ်မော်ဒယ်နှင့် ဖက်ရှင်တင်ဆက်မှုကနေ inspire ရခဲ့တယ်လို့ Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) …

Patricia Field X Emily in Paris

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။ Ariel’s Be Chic Be Unique ဆိုတဲ့ Blog ကနေကြိုဆိုပါတယ်။ ရုပ်ရှင်ဇာတ်လမ်းများကို ဖန်တီးတဲ့နေရာမှာ Character နဲ့ လိုက်ဖက်ညီစေမဲ့ Look တွေနဲ့ Styling တွေကို ဖန်တီးပေးတဲ့ Costume Stylist/ Designer တွေရဲ့ အခန်းကဏ္ဍကိုလဲ မေ့ထားလို့တော့မရပါဘူး။ ဒါကြောင့်မို့လို့ Costume Stylist တွေနဲ့ Costume Designer တွေရဲ့ အကြောင်းကို ပိုပြီးရင်းနှီးလာစေဖို့ ဒိအစီအစဥ်လေးမှာ ရုပ်ရှင်ဇာတ်လမ်းကောင်းတွေ ဖန်တီးတဲ့နေရာမှာ Costume Designer တွေ ဘယ်လို စဥ်းစားတွေးခေါ်ဖန်တီးကြတယ်ဆိုတဲ့ အကြောင်းလေးတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီလအတွက် ပထမဦးဆုံး ရွေးချယ်ထားတဲ့ …

စိတ်ပြေလက်ပျောက် အပန်းဖြေရင်း ကြည့်ရှုသင့်တဲ့ LIFESTYLE YOUTUBE CHANNEL (4) ခု

ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာလေးကတော့  စိတ်ပြေလက်ပျောက် ကြည်ရှုသင့်တဲ့ lifestyle YouTube channel လေး (၄) ခုအကြောင်းပဲဖြစ်ပါတယ်။ Covid 19 pandemic ကြောင့်အကုန်လုံးအိမ်ထဲမှာပဲနေနေရတော့ ဘယ်လိုမှ သက်တောင့်သက်သာမဖြစ်ဘူးဆိုတာကို လူတိုင်းခံစားမိကြမှာပါ။ အချို့သောလူငယ်တွေအနေနဲ့ လည်းကိုယ်သင်ယူချင်တဲ့ အရာတွေကို အရင် ကမ္ဘာကြီးကျန်းမာနေတုန်းက လွတ်လွတ်လပ်လပ်သင်ယူနိုင်ခဲ့ရက်သားနဲ့ အချိန်ဖြုန်းမိခဲ့တာတွေအတွက် အခုချိန်မှာ ဝမ်းနည်းနေမိမယ်ထင်ပါတယ်။ အခုချိန်မှာတော့ အရင်လို မဟုတ်လည်းကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို လေ့လာဖို့ လက်လှမ်းမှီသလောက်လုပ်ကြည့်ဖို့ ပြန်အာရုံစိုက်လာနေကြပါပြီ။ မိမိတို့ရဲ့ ကိုယ်ပိုင်ဝါသနာတေအတွက် အချိန်ပေးခြင်းဟာလည်း ဘယ်လောက်အရေးပါကြောင်း ကိုသိရှိလာကြပြီပဲဖြစ်ပါတယ်။    အဲ့ဒီအတွက်ဒီနေ့မှာတော့ ကိုယ့်ဝါသနာတွေ ကိုယ်နေထိုင်ရှင်သန်ချင်တဲ့ lifestyle ပုံစံလေးတွေကို ဘယ်သူတွေက ဘယ်လို တည်ဆောက်ကြလဲ ပျိုးထောင်ကြသလဲဆိုတာကို သိစေချင်တဲ့ …