Showing 19 Result(s)

“The Dancing Kid” Celine Homme’s SS/21 Menswear Collection

 အနုပညာနဲ့ဖက်ရှင်လောကမှာ ဆန်းသစ်တဲ့ဖန်တီးမှုတိုင်းဟာ လူတိုင်းလက်ခံနိုင်တဲ့အရာတွေဖြစ်မလာနိုင်ပေမယ့် Generation Z ရဲ့ Youth Culture မှာတော့ ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ ပြည့်နှက်လာတာ တွေ့ရပါတယ်။ ယနေ့လူငယ်တွေဟာ အင်တာနက်လောကရဲ့ လွှမ်းမိုးမှုနဲ့အတူ ဆိုရှယ်မီဒီယာတွေပေါ်မှာ ခေတ်မီတဲ့အတွေးအမျိုးမျိုးနဲ့ ကိုယ်ပိုင်ဟန်တွေကို ဖန်တီးတင်ဆက်လာကြပါတယ်။ Luxury Brand တစ်ခုဖြစ်တဲ့ CELINE HOMME ရဲ့ ဒီဇိုင်နာ Hedi Slimane က ယနေ့ခေတ်မှာ Dance Party တွေဟာ အင်တာနက်ကွန်ယက်ပေါ်သို့ ရောက်လာနေပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ SS/21 Menswear Collection ကို လူငယ်တွေကြိုက်နှစ်သက်တဲ့ “Tik Tok” , “YouTube “ , “Instagram” ,”Facebook” …

Ganit Goldstein ; Designer of Craft, Technology, Fashion & 3D Printing

ဖက်ရှင် ဒီဇိုင်နာ Ganit Goldstein ဟာ ဆိုရင်တော့ လက်မှုပညာနဲ့ နည်းပညာရဲ့ ပေါင်းစည်းမှုကြားက နယ်ပယ်ရပ်လေး အကြောင်းတွေကို စူးစမ်းလေ့လာမှုကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမဟာ လက်ဝတ်ရတနာနဲ့ ဖက်ရှင်ပညာရပ်တွေကို သင်ယူခဲ့ပြီး “Bezalel Academy of Arts and Design” Jerusalem, Israel ကနေ Excellence Award ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ အထည်အလိပ်၊ဖိနပ်နဲ့ ဖက်ရှင် လုပ်ငန်းတွေမှာ 3D Printings ဒီဇိုင်းတွေကို ပေါင်းစပ်ဖို့ နည်းလမ်းအသစ်တွေကိုလဲ ရှာဖွေ စူးစမ်းလျက် ရှိပါတယ်။ဂျပန်က “IKAT“ ရက်ကန်းနည်းပညာမှ တစ်ဆင့် ဖန််တီးခဲ့တဲ့ သူမရဲ့ Collection “Between …

Why You need to Study Fashion History And How

ပညာရပ် တစ်ခုကို လေ့လာတော့မယ်ဆိုရင် ထိုပညာရပ်နဲ့ ပတ်သတ်တဲ့ အသိပညာ ဗဟုသုတနဲ့ သမိုင်းကြောင်းတွေကို သိထားသင့်ပါတယ်။ ဥပမာ ရုပ်ရှင်ပညာကို လေ့လာတော့မယ်ဆို ရုပ်ရှင်ပညာရဲ့ ဗဟုသုတနဲ့ သမိုင်းကြောင်းတွေကို အရင် လေ့လာထားရပါမယ်။ ထို့အတူ ဖက်ရှင်ပညာရပ်ပိုင်းကို လေ့လာရာမှာလဲ အတူတူပါပဲ။ ဖက်ရှင်ရဲ့ သမိုင်းကြောင်းကို လေ့လာထားမှ ဖက်ရှင်ဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့ပြီး ယခုအချိန်အထိ ခေတ်အဆက်ဆက်ရဲ့ လူနေမှု ဘဝတွေမှာ ဘယ်လို ပါဝင်ပတ်သတ်နေလဲ ဆိုတာကို သိရှိနိုင်မှာပါ။ ဒါ့အပြင် နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာတွေရဲ့ အကြောင်းတွေ ၊သူတို့ ဘယ်လို Inspire ယူပြီး ဘယ်လို ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ အကြောင်းတွေ နဲ့ ဘာတွေကြောင့် သူတို့ဟာ …

How To Be Creative Out-Of-This-World Costumes in “The Nutcracker and The Four Realms”

“The Nutcracker And The Four Realms” ဇာတ်ကားလေးဟာ (၁၈၇၁) ၁၈ရာစုနှစ် Victorian Era ရဲ့နာမည်ကြီးစာရေးဆရာ E. T. A. Hoffmann ရေးသားတဲ့ “The Nutcracker and the Mouse King” နဲ့ Marius Petipa ရေးသားတဲ့ “The Nutcracker” ဂန္တဝင်ဝတ္ထုတိုပုံပြင် တို့ကိုအခြေခံပြီး “Ashleigh Powell” ရဲ့ဇာတ်ညွှန်းအရ ဒါရိုက်တာ“Lasse Hallström” နဲ့ “Joe Johnston” တို့ကရိုက်ကူးခဲ့တာဖြစ်တယ်။ ဇာတ်လမ်းကျောရိုးလေးကတော့ မင်းသမီးလေး “Clara” ဟာ ဖာသာ “Drosselmeyer” ပေးတဲ့ မိခင်ဖြစ်သူ စတုတ္ထကမ္ဘာ “Land of …

Why Women Kill x Katherine Jane Bryant

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။ Ariel’s Be Chic Be Unique ဆိုတဲ့ Blog ကနေကြိုဆိုပါတယ်။ ပြီးခဲ့တဲ့အခေါက်က Emily in Paris ဇာတ်ကားရဲ့ Costume Stylist Patricia Field အကြောင်းကို ဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ အခုထပ်ပြီးဖော်ပြပေးချင်တဲ့ Costume Designer ကတော့ Why Women Kill ဆိုတဲ့ ဇာတ်လမ်းထဲက Character တွေနဲ့ အလိုက်ဖက်ဆုံး ဝတ်စုံတွေကို ဖန်တီးပေးခဲ့တဲ့ Costume Designer – Katherine Jane Bryant ပဲ ဖြစ်ပါတယ်။ Janie Bryant/ Katharine Jane Bryant ကတော့ …

I Told Sunset About You

ဒီနေ့မှာတော့ ထိုင်းဇာတ်လမ်းတွဲလေး တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဇာတ်ကားလေးဟာ တစ်ခါကြည့်ပြီးရုံနဲ့တင် အဲအကြောင်းပဲ စိတ်ထဲရောက်နေမိတဲ့အထိ စိတ်ကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားလေးကတော့ “I told Sunset about you” ဆိုတဲ့ လူငယ် ကောင်လေးနှစ်ယောက်ကြားထဲ သံယောဇဉ်ကို လေးလေးနက်နက်လေး တင်ဆက်ထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ အပိုင် ၅ပိုင်း ပါဝင်ပြီး Billkin (@bbillkin) နဲ့ PP Krit (@pp.Keith) တို့က အဓိက သရုပ်ဆောင် အနေနဲ့ ပါဝင်ထားပါတယ်။ ဒါ့အပြင် Project S: Side by Side, My Ambulance အစရှိတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ …

Dior အင်္ကျီတွေကို canvas အဖြစ်အသုံး ပြုခဲ့တဲ့ Estelle Tcha

“Fashion သည် အနုပညာတစ်မျိုးဖြစ်သည်” လို့ပြောရင် ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ ဒါဆို ကမ္ဘာကျော် designer Christian Dior ရဲ့သက္ကရာဇ်ဟောင်းတွေက ဂန္တဝင်အင်္ကျီတွေဟာလည်း ပန်းချီဆွဲတဲ့ canvas ဖြစ်လာနိုင်မလား။ ဟုတ်ကဲ့ စိတ်ကူးတဲ့ အတိုင်းဖန်တီးနိုင်တဲ့ ယနေ့ခေတ်ကမ္ဘာကြီး မှာ Fashion နဲ့  (art) အနုပညာသည် တစ်သားတည်းကျတယ်ဆိုတာ ကိုသက်သေပြလိုက်သူတစ်ဦးကတော့ American based artist “Estelle Tcha” ပဲဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာတစ်ဖြစ်လည်းပန်းချီဆရာ သူမဟာ သူမရဲ့ “Eee’” လို့ အမည်ရတဲ့ ကိုယ်ပိုင် brand အတွက်  Dior ရဲ့ ရှေးဟောင်း အပေါ်ဝတ်ကုတ်အင်္ကျီ တွေပေါ်မှာ ပန်းချီရေးဆွဲပြီးထူးခြားတဲ့ အင်္ကျီတွေကို တင်ဆက်ခဲ့ပါတယ်။  Dior …

MOSCHINO: PUT ON A PUPPET SHOW (Spring Summer 2021)

Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) ကနွေဦးရာသီဒစ်ဂျစ်တယ်ဖက်ရှင်ပြပွဲမှာ ဆန်းသစ်တီထွင်မှုတစ်ခုကို ပြောင်းလဲခဲ့ပါတယ်။ အဓိကအချက်ကတော့ ဒီနှစ်အတွင်းမှာ cov-19 ကပ်ရောဂါကြောင့်လူစုလူဝေးမလုပ်နိုင်တာပါဘဲ။ ဒါကြောင့် နွေဦးရာသီရဲ့ဖက်ရှင်ပြပွဲကို ရုပ်သေးကြိုးဆွဲဖက်ရှင်ပြပွဲလေးအဖြစ် ဖန်တီးတင်ဆက်လိုက်ပါတယ်။ အရုပ်ကလေးများရဲ့ စိတ်ကူးယဉ်ကမ္ဘာနဲ့ Haute Couture Fashion ရဲ့ဂန္တဝင်မြောက်သော ဖက်ရှင်အနုပညာဖန်တီးမှုတို့ကို ပေါင်းစပ်ပြီး ဖက်ရှင်ကမ္ဘာ အသေးစားလေးကို ခံစားနိုင်အောင်ဖန်တီးထားပါတယ်လို့  “Scott”  ကဆိုခဲ့ပါတယ်။ ဒီစိတ်ကူးလေးကိုတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ပြင်သစ်ဒီဇိုင်နာများစတင်ဖန်တီးခဲ့တဲ့ “Théâtre de la Mode”ဆိုတဲ့ နေရာအနှံ့လှည့်လည်ပြသတဲ့ အရုပ်မော်ဒယ်နှင့် ဖက်ရှင်တင်ဆက်မှုကနေ inspire ရခဲ့တယ်လို့ Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) …

Dolce And Gabbana; Patchwork Collection

ဒီနေ့ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Dolce & Gabbana ရဲ့ Spring Summer 2021 အမျိုးသမီးဝတ် ဖက်ရှင်ရှိုးပွဲမှာ ပြသခဲ့တဲ့ Patchwork collection အကြောင်းလေးပဲ ဖြစ်ပါတယ်။ COVID 19 ကမ္ဘာကပ်ရောဂါရဲ့ ပြင်းထန်လှတဲ့ ရိုက်ခက်မှုတွေကြောင့် ဒီဇိုင်နာတို့ဟာဆိုရင် တီထွင်ဖန်တီးမှုတွေအတွက် ပြင်ဆင်ရပါတော့တယ်။ ဒီနှစ်ရဲ့ နာမည်ကြီးဖက်ရှင်ရှိုးတော်တော်များများဟာ Minimal Art ( အလွန်အကဲ ရိုးရှင်းတဲ့ အနုပညာဖန်တီးမှု) တွေအပေါ် အဓိကထား ဖန်တီးလာကြတာ တွေ့ရပေမဲ့ Dolce & Gabbana ကတော့ လုံးဝကို ကွဲထွက်ကာ ဖော်ပြခဲ့တာကို တွေ့မြင်ရပါတယ်။တောက်ပတဲ့ အရောင်နဲ့ ထူးကဲများပြား လှတဲ့ prints ဒီဇိုင်း …