ဒီနေ့ Look-book လေးအတွက်ကိုတော့ “The Penthouse; War In Life” ဇာတ်လမ်းတွဲလေးထဲက မင်းသမီး Lee Ji Ah ကို ရွေးချယ်ပေးထားပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် သူမဟာ လှပပြီး ချမ်းသာတဲ့အပြင် အောင်မြင်တဲ့ ယောကျာ်းနဲ့အတူ ပြီးပြည့်စုံသော မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။

Dusty Pink အရောင် Haute Couture Dress တွေကို ကုတ်အင်္ကျီတွေ၊ Jewellery တွေနဲ့ ပေါင်းစပ် ဝတ်ဆင်လိုက်တဲ့ အခါမှာတော့ Glamorous Romantic Classic Styleကို စွဲမက်ဖွယ်မြင်တွေ့ရပါတယ်။ သူမရဲ့ နူးညံ့တဲ့ မျက်နှာအနေအထားနဲ့လဲ အလွန်လိုက်ဖက်လှပြီး ဝတ်စုံတွေ အကုန်လုံးကလဲ လှပလွန်းတာကြောင့် ဒီ Look-book လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

ဒီနေ့ တင်ဆက်ပေးခဲ့တဲ့ “The Penthouse; War In Life” ဒရာမာလေးထဲက မင်းသမီး Lee Ji Ah ရဲ့ ဝတ်စုံလေးတွေကို အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောက်ထပ်လဲ ကောင်းမွန်းတဲ့ ဆောင်ပါးလေးတွေကို ရေးသားဖော်ပြပေးဦးမှာမို့ စောင့်မျှော်ပေးပါကြပါဦး။

References

https://www.instagram.com/kdrama_fashion/
https://www.instagram.com/toffeexo__/
https://inkistyle.com/lee-ji-ah-penthouse-episodes-1-4-kdrama-fashion/

Don’t miss a moment. 💌

Subscribe for insider updates, designer spotlights, and curated inspiration. 🗝️

We don’t spam! Read our privacy policy for more info.

Leave a Reply