Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။ Ariel’s Be Chic Be Unique ရဲ့ Fashion Lookbook Program လေးက ထပ်ပြီး ပြောပြပေးသွားချင်တဲ့ Character လေးကတော့ Cassie Howard ဆိုတဲ့ Character လေးပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ Teenager ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားတာကတော့ အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Sydney Sweeney ဖြစ်ပါတယ်။

Cassie ဆိုတဲ့ ကောင်မလေးကတော့ အရမ်းချစ်စရာကောင်းပြီး ခန္ဓာကိုယ်အချိုးအစားကျကျနဲ့ စွဲမက်ဖွယ်ကောင်းသူလေးမို့ နာမည်ကြီးတဲ့ Teenager ကျောင်းသူလေးဖြစ်ပါတယ်။ Broken Family ကနေ ကြီးပြင်းလာရသူဖြစ်ပြီး Alcoholic အမေရဲ့ အုပ်ထိမ်းမှုအောက်မှာနေရပြီး Attachment issue ရှိတဲ့သူဖြစ်တာကြောင့် အရမ်းအချစ်ကြီးပြီး အနစ်နာခံတတ်တဲ့ Character လဲ ဖြစ်ပါတယ်။

Series ထဲမှာတော့ Cassie က character နဲ့ လိုက်ဖက်စေဖို့ Feminine and romantic ဖြစ်တဲ့ ပန်းရောင်တို့ အပြာနုရောင်တို့လို Pastal color လေးတွေကို အများဆုံးဝတ်ဆင်ခဲ့ပါတယ်။ Dress Type အနေနဲ့ကတော့ သူမရဲ့ Hourglass figure ကို ပြဖို့အတွက် Bodysuit ကို Jean နဲ့ တွဲဝတ်တာမျိုး Mini Dress ဝတ်တာမျိုးတွေကို တွေ့ရပါတယ်။ Cassie ရဲ့ Lookbook လေးကိုလဲ ဆက်ပြီးကြည့်လိုက်ရအောင်….

အခု Cassie ဝတ်ခဲ့တဲ့ Lookbook လေးကို ဖော်ပြပေးထားတာကို Romance Chic လေးတွေလဲ သဘောကျမယ်လို့ မျှော်လင့်ပါတယ်…

ပြီးခဲ့တဲ့ အပတ်က ဖော်ပြပြီးဖြစ်တဲ့ Lookbook လေးကို ထပ်ပြီးကြည့်ချင်ကြသေးရင်လဲ အောက်က Link မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါသေးတယ်။

http://arielthi.com/index.php/2020/10/10/lookbook-of-jules-vaughn-from-euphoria/
http://arielthi.com/index.php/2020/11/11/lookbook-of-rue-bennet-from-euphoria/
http://arielthi.com/index.php/2020/11/18/lookbook-of-maddy-perez-from-euphoria/

နောက်ထပ် Euphoria ထဲက ဘယ်လို Character တွေရဲ့ Lookbook လေးတွေ တင်ဆက်ပေးသွား ဦးမယ်ဆိုတာလဲ စောင့်မျှော်ပေးကြပါဦးနော်…

Comments

It’s perfect time to make a few plans for the longer term and it is time to be happy. I’ve learn this put up and if I may I want to suggest you some fascinating things or suggestions. Maybe you could write subsequent articles relating to this article. I desire to learn even more issues about it!

Leave a Reply